/
news/ကလေးများနှင့်ကျန်းမာရေး/ငယ်သွားလေးများအကြောင်း-သိကောင်းစရာ

ငယ်သွားလေးများအကြောင်း သိကောင်းစရာ

Category
ကလေးများနှင့်ကျန်းမာရေး

မွေးကင်းစ ကလေးငယ်တွေရဲ့ ပထမဆုံးသွားဟာ မမွေးမီကတည်းက စတင်ပေါ်ပေါက်နေပေမယ့် လည်း အသက် 6 လ၊ အချို့  12 လ ထိတိုင်အောင်မမြင်ရပါဘူး။

ထို့နောက်တွင်မှ ပထမဆုံးသွားထွက်ပေါ်လာပြီး အခြားသွားများလည်း စတင်ပေါက်လာကြပါတယ်။ ကလေးငယ်အများစု သွားစုံအောင်ပေါက်တဲ့အချိန်ဟာ 3 နှစ်အရွယ်ခန့်မှာဖြစ်ပြီး ငယ်သွားလို့ခေါ်လေ့ ရှိကြပါတယ်။ စုစုပေါင်း သွားအချောင်း 20 ရှိပြီး အသက် 5-6 နှစ်ရောက်လာတဲ့အချိန်မှစ၍ တစ်ချောင်းပြီး တစ်ချောင်း စကျိုးပါတယ်။

ကနဦးသွားတွေကျိုးရတဲ့အကြောင်းအရင်းကတော့ ကြီးသွားဖြစ်လာမယ့်သွားတွေက တွန်းထုတ် လို့ပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အမြဲတမ်းသွားတွေဟာကြီးလာပြီး ငယ်သွားတွေရဲ့နေရာကို အစားထိုး ဝင်ရောက်လာပါတယ်။ အသက် 12-13 နှစ်ခန့်မှာတော့ ကလေးငယ်အများစုဟာ ငယ်သွားအကုန်ကျိုးပြီး ကြီးသွားတွေလဲလှယ်ပြီးဖြစ်လေ့ရှိပါတယ်။

အမြဲတမ်းသွားအချောင်းရေ 32 ချောင်းရှိပြီး ကနဦးသွားထက် 12 ချောင်းပိုပါတယ်။ အံဆုံးလို့ခေါ်တဲ့ သွား 4 ချောင်းရှိပြီး အသက် 17 မှ 25 နှစ်အတွင်းပေါက်လေ့ရှိပါတယ်။ ထိုအချိန်တွင်မှ ကြီးသွား 32 ချောင်း စုံပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)