ကလေးမွေးပြီးမေမေတို့ သံဓာတ်အားဆေး ဆက်သောက်သင့်သလား ?
ကိုယ်ဝန်ဆောင်ကာလမှာ သံဓာတ်အားဆေးသောက်ဖို့လိုအပ်တာကို လူတိုင်းသိကြပေမယ့် ကလေးမွေးဖွားပြီးတဲ့အခါ သံဓာတ်အားဆေး ဆက်သောက်ဖို့ကို မေ့လျော့တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ စတုတ္ထသုံးလပတ်လို့ခေါ်တဲ့ မွေးဖွားပြီးကာလမှာလည်း သံဓာတ်ကို လိုအပ်နေပါသေးတယ်။
Obimin 2022 IA 1

ကလေးမွေးဖွားနေချိန်မှာ သွေးဆုံးရှုံးမှုရှိလို့ မေမေတို့အနေနဲ့ မွေးဖွားပြီးကာလမှာ သံဓာတ်အားနည်းလေ့ရှိတာ သဘာဝပါပဲ။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားဆေးမသောက်ခဲ့တဲ့ မေမေတို့မှာ ပိုပြီးအဖြစ်များပါတယ်။ လေ့လာမှုတွေအရ ရိုးရိုးမွေးသူတွေမှာ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်အားဆေးသောက်သူ ၁၄% နဲ့ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်အားဆေးမသောက်သူ ၂၄% ဟာ သံဓာတ်အားနည်းပြီး သွေးအားနည်းရောဂါဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ ဒီအချက်ကြောင့်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေ ကလေးမွေးဖွားပြီးသူတွေအနေနဲ့ တစ်နေ့ကို သံဓာတ် (၁၀-၃၀) မီလီဂရမ် မှီဝဲပေးသင့်တယ်လို့ အကြံပြုထားပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့လည်း တစ်နေ့ကို သံဓာတ် (၁၄) မီလီဂရမ် ရရှိအောင် မှီဝဲပေးသင့်ပါတယ်။
Obimin 2022 IA 2

ဒါကြောင့် မေမေတို့အနေနဲ့ ကလေးမွေးဖွားပြီး သုံးလလောက်အထိတော့ သံဓာတ်ပါတဲ့ အားဆေးကို ဆက်သောက်ပေးဖို့ အကြံပြုလိုပါတယ်။ ဒါမှသာ မိခင်ရော၊ ကလေးပါ သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မခံစားရမှာ ဖြစ်ပါတယ်။






























