/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-သွားဖုံးသွေးယိုခြင်း

ကိုယ်ဝန်ဆောင်ချိန် သွားဖုံးသွေးယိုခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

တချို့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွားဖုံးတွေရောင်ပြီးတော့ သွားဖုံးသွေးယိုတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့သွားဖုံးကျန်းမာရေးကို သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် သွားနဲ့သွားဖုံးကျန်းမာအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို လေ့လာကြည့်ကြရအောင်နော်။

Obimin 2022 IA 1

• ဖလိုရိုက်ဒ်ပါဝင်တဲ့သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးပါ။
• သွားတစ်ခါတိုက်ရင် နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးပါ။
• ခေါင်းသေးပြီး အမျှင်နူးညံ့တဲ့ သွားပွတ်တံကို ရွေးချယ်အသုံးပြုပါ။
• Dental floss နဲ့ တစ်နေ့တစ်ကြိမ်ခန့် သွားကြားထဲကို သန့်ရှင်းရေးပြုလုပ်ပေးပါ။
• အယ်လ်ကိုဟောပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်တွေကို အသုံးမပြုပါနဲ့။

Obimin 2022 IA 2

• သကြားပါဝင်မှုများတဲ့ အချိုရည်နဲ့ စားစရာတွေကို ရှောင်ကြဥ်ပါ။
• အစာစားချိန်ကြား ဗိုက်ဆာပါက ချိုလွန်းတဲ့သရေစာတွေကို မစားဘဲ လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သကြားမပါတဲ့ဒိန်ချဥ်တို့ကို စားသောက်ပါ။
• ဆေးလိပ်မသောက်ပါနဲ့။
• ကိုယ်ဝန်အစောပိုင်းလတွေမှာ ပျို့အန်တတ်ပါက အန်ပြီးတဲ့အခါတိုင်း ပလုပ်ကျင်းပေးပါ။ အန်ပြီးတာနဲ့တစ်ပြိုင်နက် သွားမတိုက်ပါနဲ့။ တစ်နာရီလောက်စောင့်ပြီးမှ သွားတိုက်ပါ။

www.drmyanmar.com