/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်စဥ်-ကယ်လ်ဆီယမ်အားဆေး-ဖြည့်စွက်သောက်သုံးသည့်အခါ

ကိုယ်ဝန်ဆောင်စဥ် ကယ်လ်ဆီယမ်အားဆေး ဖြည့်စွက်သောက်သုံးသည့်အခါ သတိပြုသင့်သောအချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့ခြင်းဟာ မိခင်ရော၊ သန္ဓေသားကိုပါ ထိခိုက်စေပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ်ကို လုံလောက်အောင်ဖြည့်စွက်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်စဥ် ကယ်လ်ဆီယမ်လိုအပ်ချက်ဟာ ကိုယ်ဝန်ပထမသုံးလပတ်မှာ ၈၀၀ မီလီဂရမ်၊ ဒုတိယသုံးလပတ်မှာ ၁၀၀၀ မီလီဂရမ်နဲ့ တတိယသုံးလပတ်မှာ ၁၅၀၀ မီလီဂရမ် အသီးသီးဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်စွက်ပေးဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ (ဥပမာ-နို့နဲ့နို့ထွက်ပစ္စည်းများ) ကို များများစားသုံးပေးသင့်သလို လိုအပ်ပါက ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးတွေကိုလည်း သောက်သုံးပေးသင့်ပါတယ်။

Obimin Calcium IA 1

ကိုယ်ဝန်ဆောင်စဥ်မှာ ကယ်လ်ဆီယမ် ဖြည့်စွက်သောက်သုံးသူများအနေနဲ့ မိမိတို့ဖြည့်စွက်သောက်သုံးလိုက်သမျှကို အချည်းနှီးမဖြစ်အောင် ဖော်ပြပါအချက်တွေကို ဂရုပြုသင့်ပါတယ်။

●    Phosphoric acid ဟာ ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်စွန့်ထုတ်မှုကို များစေတာကြောင့် Phosphoric acid ပါဝင်မှုများတဲ့ အချိုရည်၊ အမြှုပ်ပါတဲ့ အချိုရည်၊ ကော်ဖီ စတာတွေကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။

●    အငန်ဓာတ်ဟာ ကယ်လ်ဆီယမ်စုပ်ယူမှုအပေါ် သက်ရောက်မှုရှိတာကြောင့် အငန်လျှော့စားပေးပါ။

●    အဆီဓာတ်ဟာ ကယ်လ်ဆီယမ်ချို့တဲ့မှုကို ဖြစ်စေတာကြောင့် အဆီများလွန်းတဲ့ အစားအသောက်တွေကို ချင့်ချိန်စားသောက်ပေးပါ။

Obimin Calcium IA 2

ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေး သောက်သုံးတဲ့အခါ ကိုယ်ဝန်အပတ်ရေအလိုက် မှန်ကန်တဲ့ဆေးပမာဏကို ရရှိစေရန် နားလည်တက်ကျွမ်းသူများနဲ့ သေချာတိုင်ပင်ပြီးမှ သောက်သုံးပေးရန် လိုအပ်ပါတယ်။

www.drmyanmar.com