/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်များနှင့်-ခြေထောက်နာခြင်း

ကိုယ်ဝန်ဆောင်မိခင်များနှင့် ခြေထောက်နာခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ခန္ဓာကိုယ်အောက်ပိုင်းကို ခံစားမှုရော၊ လုပ်ဆောင်မှုကိုပါ ထောက်ပံ့ပေးနေတဲ့ sciatic nerve ဆိုတဲ့ အကြီးဆုံးအာရုံကြောကြီးရှိပါတယ်။ ဒီအာရုံကြောက ပေါင်နောက်ဖက်၊ ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတွေက ခံစားမှုအာရုံတွေကို ပေးပါတယ်။ ဒီအာရုံကြောနာကျင်ရင် ခြေထောက်တစ်ခုလုံးကို နာကျင်စေပါတယ်။ ဒီအာရုံကြောက သားအိမ်အောက်ကနေပြီး ခြေထောက်တွေဆီကိုသွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရင့်လာတဲ့အခါမှာ ကလေးကြီးလာတဲ့အတွက် အာရုံကြောအပေါ်သက်ရောက်တဲ့ဖိအားကြောင့် အာရုံကြောနာကျင်မှုကိုဖြစ်စေပါတယ်။

>> ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ခြေထောက်နာခြင်းကို ဘယ်လိုကုသကြမလဲ

1.အရိုးရှင်းဆုံးနည်းလမ်းကတော့ နာကျင်တဲ့ဘက်နဲ့ဆန့်ကျင်ဘက်ကိုစောင်းပြီးအိပ်စက်ခြင်းဖြစ်ပါတယ်။ ဒါက အာရုံကြောပေါ်သက်ရောက်နေတဲ့ဖိအားကိုလျော့စေပါတယ်။ အလေးမခြင်းကို ရှောင်ပါ။ အချိန်အကြာကြီးမတ်တပ်မရပ်ပါနဲ့။

2.မတ်တပ်ရပ်နေတုန်းမှာ ဖိအားကိုခံစားရတယ်ဆိုရင် ခြေထောက်တစ်ဖက်ကြွပြီး ခုံပုပုလေးတစ်ခုပေါ် တင်ထားပေးပါ။

3.နာနေတဲ့နေရာကို အအေး (သို့) အပူကပ်ခြင်းကလည်း အနာသက်သာစေပါတယ်။ ဒါပေမယ့် နာကျင်တာကမသက်သာဘူး၊ ပိုဆိုးလာတယ် (သို့) ခဏခဏနာနေတယ်ဆိုရင်တော့ ဆရာဝန်ပြဖို့လိုပါတယ်။

♦ ကိုယ်ဝန်ဆောင််နှင့်ကြွက်တက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် အထူးသဖြင့် မွေးခါနီးသုံးလမှာ ကြွက်တာတာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တစ်ဝက်လောက်က ခြေထောက်ကြွက်တက်တတ်ကြပါတယ်။ ညနေဘက်တွေမှာ ပိုပြီးအဖြစ်များပါတယ်။

♦ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့်ကွက်တက်ရသလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ပိုတိုးလာတဲ့ကို်ယ်အလေးချိန်နဲ့ သွေးလှည့်ပတ်ခြင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့် ကြွက်တက်တတ်ပါတယ်။ ကြီးထွားလာတဲ့ရင်သွေးငယ်ကြောင့်ဖြစ်တဲ့ဖိအားက ခြေထောက်တွေဆီကိုသွားတဲ့ အာရုံကြောကိုဖိထားပြီးတော့ ကြွက်တက်ခြင်း၊ ခြေထောက်ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။

>> ဘယ်လိုကုသရမလဲ

ကြွက်တက်ခြင်းကို ကာကွယ်နိုင်ဖို့ (သို့) ကုသနိုင်ဖို့ နည်းလမ်းအချို့ရှိပါတယ်။

• လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ခြေသလုံးကြွက်သားများဆန့်ထုတ်ခြင်း

• ခြေထောက်အနည်းငယ်မြှောက်ထားပြီးအနားယူခြင်း

• အထောက်အကူပြုသော Stocking များဝတ်ဆင်ခြင်း

• ခြေသလုံးနှင့် ခြေထောက်များကို နှိပ်နယ်ပေးခြင်း

• ခြေသလုံးကိုရေနွေးအိတ်ကပ်ခြငး်

• ကြွက်တက်တာကမသက်သာရင် (သို့) ပိုဆိုးလာတယ်ဆိုရင် သားဖွားမီးယပ်ဆရာ၀န် (သို့) သားဖွားဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)


















Dr. Mya Myo Myo Swe (www.drmyanmar.com)