ကိုယ်ဝန်ဆောင်မေမေများ ဒါတွေဖြစ်ရင်သတိထား
ကိုယ်ဝန်ဆောင်မေမေတွေ ဘယ်အချိန်မှာ ဆေးရုံဆေးခန်းပြေးသင့်သလဲ?
ဒီအချက်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ရောဂါရာဇဝင်နဲ့ ကိုယ်ဝန်ဆောင်ကာလပေါ်မူတည်ပြီး အနည်းနဲ့အများ ပြောင်းလဲမှုရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်အပ်စဉ်၊ ပြစဉ်ကတည်းက ဆရာဝန်၊ဆရာမများကို ကြိုကြိုတင်တင်မေးမြန်းထားသင့်ပါတယ်။
အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနတွင် ပြသတိုင်ပင်သင့်ပါတယ်။
• သနေ္ဓသားကလေးပုံမှန်ထက်အလှုပ်နည်းလာခြင်း။
ကိုယ်ဝန် ၁၆ပတ်ရောက်လာတဲ့အခါ ကလေးလှုပ်လာတာကို စသတိထားမိကြပါတယ်။ အကယ်၍ ကလေးလှုပ်တဲ့ အကြိမ်အရေအတွက် ပုံမှန်ထက်လျော့နည်းလာပြီး ခါတိုင်းထက်ငြိမ်လာတယ်လို့ ထင်ပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်ကို တစ်နေ့တာ ကလေးလှုပ်အကြိမ်အရေအတွက်(Kick count) မှတ်ဖု့ိလိုမလို မေးမြန်းသင့်ပါတယ်။ လိုအပ်ပါက ဘယ်လိုမှတ်ရမယ်၊ ဘယ်လောက်ဆိုစိုးရိမ်ရတယ် ဆိုတာတွေကို ဆရာဝန်က ရှင်းပြပါလိမ့်မယ်။
• သွေးဆင်းခြင်း။
သတိပြုသင့်တာကတော့ ခင်ပွန်းနဲ့ အတူနေပြီးချိန်မျိုး၊ မိန်းမကိုယ်လမ်းကြောင်း စမ်းသပ်ပြီးချိန်မျိုးမှာ ပုံမှန် သွေးအနည်းငယ် ဆင်းတတ်ပါတယ်။
• အဖြူဆင်းခြင်း။
အဖြူ ဆင်းရာမှ ရေ၊ချွဲနဲ့သွေးအဖြစ် အရောင်ပြောင်းလာပါက သတိထားရပါမယ်။ ကိုယ်ဝန် ၃၇ပတ်ကျော်လာတဲ့အခါ ချွဲဆင်းများလာတာကို သတိပြုမိကြမှာပါ။ ဒါဟာ ခန္ဓာကိုယ်က ကလေးမွေးဖို့ ပြင်ဆင်နေတာ ဖြစ်တာအတွက် စိုးရိမ်ဖို့မလိုအပ်ပါဘူး။
• ဆီးစပ်တင်းခြင်း(ကလေးအောက်ကို တွန်းဆင်းနေသလိုခံစားရခြင်း)၊ ခါးအောက်ပိုင်းနာခြင်း(အထူးသဖြင့် အရင်ကမဖြစ်ဖူးပဲ အခုမှ စဖြစ်လျှင်)၊ ရာသီလာချိန် ကိုက်ခဲသလို ခံစားရခြင်း၊ ဗိုက်နာခြင်း၊ ကိုယ်ဝန်၃၇ပတ်မတိုင်မီ ၁နာရီအတွင်း ၆ကြိမ်နဲ့အထက် သားအိမ်ညှစ်နေခြင်း။
ဒီလိုဖြစ်လာတဲ့အခါ စိတ်ကို ငြိမ်ငြိမ်ထားပြီး စောင့်ကြည့်ကြည့်ပါ။ အကယ်၍ ၁နာရီအတွင်း မပျောက်လျင်၊ ပိုဆိုးလာလျင် ဆရာဝန်ဆီ အမြန်ပြေးသင့်ပါပြီ။
• ဆီးပူဆီးကျင်ဆီးအောင့်ခြင်း၊ ဆီးခဏခဏသွားချင်နေခြင်း၊ ဆီးနည်းခြင်းဒါမှမဟုတ်လုံးဝမသွားခြင်း၊ ဆီးနောက်ခြင်း၊ ဆီးထဲသွေးစပါခြင်း၊ ဆီးအန့ံပြင်းခြင်း စတာတွေဟာ ဆီးပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
• ချမ်းတုန်ခြင်း၊ ၁၀၀.၄°F နဲ့အထက် အပူကြီးခြင်း။
• ပျို့အန်ခြင်းနှင့် ဖျားခြင်း၊ နာခြင်း
• ရုတ်တရက် အမြင်အာရုံ ပြောငး်လဲခြင်း။
နှစ်ထြပ်မင်ခြင်း၊ အမြင်ဝါးခြင်း၊မှုန်ခြင်း၊ အလင်းရောင်တစ်ဖျက်ဖျက်မြင်နေခြင်း၊ အရောင်အနံ့အမြင်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ မျက်လုံးရှေ့ အစက်အမှုန်များမြင်နေခြင်း စတာတွေဟာ ကိုယ်ဝန်ဆိပ်တက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။
• ဆိုးဆိုးရွားရွားခေါင်းကိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်တာတောင် ခေါင်းကိုက်မပျောက်ခြင်း၊ ခေါင်းကိုက်ပြီး အမြင်ဝေဝါးလာခြင်း၊စကားမပီမသဖြစ်လာခြင်း၊ထုံကျင်လာခြင်း။
• မနက်စောစောအိပ်ရာထချိန် မျက်လုံးတစ်ဝိုက်ရောင်လာခြင်း၊ မျက်နှာဖောလာခြင်း၊ လက်ဖောလာခြင်း၊ ခြေထောက်၊ခြေချင်းဝတ်တစ်ဝိုက် ရုတ်တရက် ဆိုးဆိုးရွားရွား ဖောရောင်လာခြင်း။
(အရေပြားပေါ်ကို လက်မနဲ့ဖိကြည့်တဲ့အခါ ချိုင့်ရာပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်း မပျောက်ပါက ဖောရောင်နေပြီလို့ ဆိုနိုင်ပါတယ်။)
• ကိုယ်အလေးချိန် အလျင်အမြန် တက်လာခြင်း။
• ချော်လဲ၊ကားတိုက်မိရာမှ ဗိုက်ကို ထိခိုက်မိခြင်း။
• ခြေဖဝါး၊ လက်ဖဝါးတွေ၊ ခြေထောက်တွေ၊ လက်တွေနဲ့ တစ်ကိုယ်လုံးမှာ ဆိုးဆိုးရွားရွား ယားယံလာခြင်း။
• ဝမ်းဗိုက်အထက်ပိုင်း နဲ့ ပုခုံး အထူးသဖြင့် ညာဘက်နံရိုးအောက်မှာ နာလာခြင်း။
• ရာသီပေါ်တုပ်ကွေးရောဂါဖြစ်ခြင်း။
တုပ်ကွေးရောဂါ လက္ခဏာများပြလာလျှင်၊ တုပ်ကွေးရောဂါရှိသူနဲ့ နီးနီးကပ်ကပ်နေမိလျှင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။ တုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုနှာပိတ်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အန်တာ၊ ဝမ်းလျောတာစတာတွေနဲ့လညး် လာတတ်ပါသေးတယ်။ တုတ်ကွေးရောဂါဟာ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တဲ့အတွက် ကြိုတင်ကာကွယ်နိုင်ဖို့ရာ ဆောင်းရာသီမှာ တုတ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
• ဇီကာဗိုင်းရပ်စ်ဖြစ်နိုင်ခြေရှိခြင်း။
ဇီကာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ ဒေသမှာ နေထိုင်တာ ဒါမှမဟုတ် အလည်အပတ် သွားရောက်ခဲ့ပါက ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။ ရောဂါလက္ခဏာတွေမရှိရင်တောင်မှ ရောဂါပိုးရှာဖွေ စစ်ဆေးသင့်ပါတယ်။ လူအများစုမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြပဲ ပိုးရှိနေတတ်ပါတယ်။ ဖျားနာခြငး်၊ အနီကွက်တွေထခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ မျက်လုံးနီခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
• ရေကျောက်၊ ဂျိုက်သိုးစတဲ့ ကူးစက်ရောဂါဖြစ်နေသူတွေနဲ့ ထိတွေ့မှုရှိခြင်း။
ငယ်ငယ်ကဒီရောဂါတွေ မဖြစ်ဖူးခဲ့တဲ့သူတွေနဲ့ ရောဂါလက္ခဏာတွေ ပြလာသူတွေမှာ ဆရာဝန်ကို ချက်ချင်း ဆက်သွယ်သင့်ပါတယ်။
• စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှု လွန်ကဲခြင်း။
အလိုလိုဝမ်းနည်းနေခြင်း၊ မျှော်လင့်ချက်တွေ ကင်းမဲ့နေခြင်း၊ ရုတ်တရက် ဆောက်တည်ရာမရ ဖြစ်ခြင်း၊ တာဝန်ဝတ္တရားများကို မဆောက်ရွက်နိုင်တော့ခြင်းနဲ့ ကိုယ်ကိုယ်ကို ထိခိုက်နာကျင်စေလိုစိတ်များ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်တွေ့ဆုံကုသသင့်ပါတယ်။
• အခြားပုံမှန်ဖြစ်နေကျ ကျန်းမာရေး ပြဿ နာများ
ပန်းနာရင်ကျပ်ထခြင်း၊ အအေးမိခြငး်စတဲ့ ကိုယ်ဝန်နဲ့မသက်ဆိုင်တဲ့ အခြားကျန်းမာရေး ပြဿ နာများ ဖြစ်လာပါက ကျန်းမာရေးဌာနသို့ ပြသပါ။ မွေးဖွားရက်နီးကပ်လာချိန်မှာ ဆေးရုံကို ဘယ်အချိန်မှာ ပြေးလာသင့်တယ်ဆိုတာသိရအောင် မီးဖွားခါနီး ဖြစ်တတ်တဲ့ လက္ခဏာများကို ကြိုတင်မေးမြန်းထားသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
ငယျငယျကဒီရောဂါတှေ မဖွဈဖူးခဲ့တဲ့သူတှနေဲ့ ရောဂါလက်ခဏာတှေ ပွလာသူတှမှော ဆရာဝနျကို ခကြျခငြျး ဆကျသှယျသင့ျပါတယျ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























