/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်စဉ်-ဆီးမကြာခဏသွားတတ်သူများ

ကိုယ်၀န်ဆောင်စဉ် ဆီးမကြာခဏသွားတတ်သူများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်၀န်ဆောင် အတော်များများ သတိထားမိတဲ့ အရာတခုကတော့ ဆီးမကြာခဏ သွားချင်တတ်တာပါပဲ။ ကိုယ်၀န်ရှိစကနေ တစ်လအတွင်း ဖြစ်တတ်သလို တစ်လ ကျော်သွားရင် နည်းနည်း သက်သာလာပါတယ်။ ကိုယ်၀န် ရှစ်လ..ကိုးလ မှာ တခါ ပြန်ပြီး ဆီးမကြာခဏ သွားချင်မိပြန်ပါတယ်။

လူတယောက်နဲ့ တယောက် အနေအထား မတူတဲ့အတွက် တချို့တွေကျ သိပ်ဒဏ်မခံရဘဲ တချို ့ကိုယ်၀န်သည်လေးတွေခမျာ ကိုယ်၀န်တလျှောက်လုံး ဆီးမကြာခဏသွားရတာကို ခံစားရလေ့ရှိပါတယ်။ လူကြားထဲလည်း ထသွားရ ညလည်း ထရ။ ကားနဲ့ ခရီးေ၀းသွားရတဲ့ ကိုယ်၀န်သည်လေးတွေဆို ပိုသိသာပါတယ်။ အထိုင်များတော့ ပိုဆိုးလာတာပါ။ ဆီးသွားချင်ရင်လည်း မထိန်းနိုင်တာ အမြန်ပြေးရတာနဲ့ အတော်စိတ်အနှောင့်အယှက်ဖြစ်ကြရှာပါတယ်။

ဘာလို့ဆီးခဏခဏသွားချင်ရသလဲ…..

• ဟော်မုန်း အပြောင်းအလဲကြောင့် ကျောက်ကပ်တွေကို သွေးစီးဆင်းမှုများလာလို့ ကျောက်ကပ်အလုပ်ပိုလုပ်တဲ့အတွက်ဖြစ်ပါတယ်။

• ကြီးထွားလာတဲ့ကိုယ်၀န်က ဖိလာလို့ ဖြစ်ပါတယ်။

တကယ်တော့ ကိုယ်၀န်ကြောင့်ဖြစ်တဲ့ မစိုးရိမ်ရတဲ့ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါတယ်။

ခဏခဏဆီးသွားရင် မစိုးရိမ်ရဘူးဆိုပေမယ့် ဆီးပူတာ ကျင်တာ အောင့်တတ်တာ အဖြူအန့ံ့ဆိုးတာ ဆင်းရင် ခဏခဏ တလျှောက်လုံး သည်းမခံနိုင်အောင် သွားနေရင် ဆီးလမ်းကြောင်းပိုး၀င်တာဖြစ်နေတတ်တာမို့ ဆရာ၀န်နဲ့ ပြသစစ်ဆေးဖို့ လိုလေ့ရှိပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)







