/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့ထွက်ကောင်းစေမည့်-အစားအသောက်များ

နို့ထွက်ကောင်းစေမည့် အစားအသောက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1. ရေ

ရေဟာနို့ထွက်ကောင်းစေဖို့အတွက် အဓိကအရာတစ်ခုဖြစ်ပါတယ်။ နို့ကောင်းကောင်းထွက်ဖို့ဆိုရင် တစ်နေ့ကို ရေ 8 ခွက် ( 2 လီတာ) လောက်သောက်သုံးပေးရမှာဖြစ်ပါတယ်။

 

2. အုတ်ဂျုံပါသော အစားအစာများ

ကိုလက်စထရောပမာဏကျစေပြီး သွေးပေါင်ကိုထိန်းညှိပေးနိုင်တဲ့ အုတ်ဂျုံမှာ နို့လှိုင်လှိုင်ထွက်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် မနက်စာထဲတွင် ကွေကာအုတ်ကဲ့သို့သော အုတ်ဂျုံပါ၀င်တဲ့ အစားအစာတစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုပါ။

 

3. ကြက်သွန်ဖြူ

ဆေးဖက်၀င်လှတဲ့ ကြက်သွန်ဖြူဟာ နို့လှိုင်လှိုင်ထွက်စေတဲ့ သဘာ၀ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ အစားအစာများတွင် ကြက်သွန်ဖြူထည့်ချက်ခြင်းဖြင့် အရသာပိုရှိစေရုံမျှမက နို့ထွက်သန်စေပါတယ်။

 

4. မုန်လာဥနီ

မုန်လာဥနီကို ခပ်ပါးပါးလေးလှီးပြီး သွားရေစာအဖြစ် စားပေးနိုင်သလို ဖျော်ရည်လည်းလုပ်သောက်နိုင်ပါတယ်။ မုန်လာဥနီမှာ နို့တိုက်နေစဉ်အတောအတွင်း ပိုမိုလိုအပ်တဲ့ Beta-Carotene အပြည့်အ၀ပါရုံသာမက ကာဗိုဟိုက်ဒရိတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း အပြည့်အ၀ပါပါတယ်။

 

5. စမုန်စပါး

စမုန်စပါးဟာ နို့ထွက်ကောင်းစေခြင်း၊ အမျိုးသမီးများအတွက် လိုအပ်တဲ့ phytoestrogen ပါ၀င်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို သက်သာစေတဲ့ အာနိသင်တွေရှိပါတယ်။

 

6. ဗန်ဒါစေ့၊ သီဟိုစေ့ကဲ့သို့သော အစားအစာများ

Antioxidant နဲ့ ကောင်းမွန်တဲ့အဆီဓာတ်တွေ ကြွယ်၀တဲ့ ဗန်ဒါစေ့၊ သီဟိုဋ်စေ့ စတဲ့ အစေ့အဆန်ပါတဲ့ အစားအစာတွေကို လက်တစ်ဆုပ်လောက်စားပေးခြင်းကလည်း နို့လှိုင်လှိုင်ထွက်စေရုံသာမက အရွယ်တင်နုပျိုစေပါတယ်။

 

7. သင်္ဘောသီးအစိမ်း

သင်္ဘောသီးအစိမ်းကလည်း နို့တိုက်မိခင်များ စားပေးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ သင်္ဘောသီးအစိမ်းကို သုပ်စားနိုင်သလို နူးအိနေအောင်ပေါင်းပြီးမှလည်း စားသုံးနိုင်ပါတယ်။

 

8. နှမ်းစေ့

ဘာဂါအပေါ်မှာဖြူးထားတဲ့ နှမ်းစေ့လေးတွေကလည်း နို့လှိုင်လှိုင်ထွက်စေတဲ့ အစားအစာပဲဖြစ်ပါတယ်။ သို့သော် ဘာဂါမုန့်ပေါ်မှာပါ၀င်တဲ့ နှမ်းစေ့ပမာဏလောက်နဲ့တော့ နို့လှိုင်လှိုင်ထွက်စေမှာမဟုတ်ပါဘူး။

 

9. ဂျင်း

ဂျင်းဟာ အမူးအမော်ပြေစေရုံသာမက နို့ထွက်လည်းကောင်းစေပါတယ်။ အစားအစာများတွင် ဂျင်းကို ထည့်သွင်းအသုံးပြုနိုင်သလို ဂျင်းပါတဲ့ သွားရေစာများကိုလည်း စားပေးနိုင်ပါတယ်။

 

CMS (www.drmyanmar.com)