/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ခွဲမွေးတဲ့သူတွေ-ကလေး-နောက်တစ်ယောက်-ဘယ်တော့ယူမလဲ-0

ဗိုက်ခွဲမွေးတဲ့သူတွေ ကလေး နောက်တစ်ယောက် ဘယ်တော့ယူမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        မျက်မှောက်ခေတ်ကာလအိမ်ထောင်ပြုသားမွေးကြတဲ့အမျိုးသမီး လောကမှာဗိုက်ခွဲမွေးဖွားခြင်းဟာ သားဦးကိုယ်၀န်ဆိုရင် ကိုယ်၀န်ဆောင် 10 ယောက်မှာ တ၀က်နီးပါးလောက်က ဗိုက်ခွဲမွေးနေကြပါတယ်။ သက်နှောင်းမိခင်များကလည်း နဂိုက ကောင်းကောင်းမွေးလာသည့်တိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလာကြပါတယ်။

          ဗိုက်ခွဲမွေးခြင်းသည် အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် သားအိမ်ကို အနားပေးတဲ့အနေနဲ့  2 နှစ်ခြားသင့်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတစ်ယောက် ကိုယ်၀န်ဆောင်ချိန်တွင် သန္ဓေသားကို အာဟာရဓာတ်မျှေ၀ပေးရခြင်း၊ မွေးဖွားတဲ့အခါ သွေးထွက်ခြင်းတို့ကြောင့် မိခင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သံဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ သံဓာတ်ဆုံးရှုံးသွားခြင်းကြောင့် Iron Deficiency Anemia လို့ခေါ်တဲ့ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းနေချိန် တွင် နောက်ထပ်ကိုယ်၀န်ရလာပါက မိခင်ရောသန္ဓေသားအတွက်ပါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် 2 နှစ်မစောင့်နိုင်ရင်တောင် အနည်းဆုံး 1 နှစ်ခြားသင့်ပါတယ်။ မတော်တဆ ကိုယ်၀န်ရှိလာပါကလည်း ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ ဒါပေမဲ့အနည်းဆုံး (6) လအတွင်း ကိုယ်၀န်မရှိအောင် ထိထိရောက်ရောက် သားဆက်ခြားသင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)