/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာလှပစေဖို့-အိုမီဂါ-3-ကို-ဖြည့်စွက်စားသုံးကြပါစို့-0

ကျန်းမာလှပစေဖို့ အိုမီဂါ 3 ကို ဖြည့်စွက်စားသုံးကြပါစို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အဆီတက်ပြီး ဝမှာကိုတော့ လှပကျန်းမာချင်တဲ့ အမျိုးသမီးတိုင်း ကြောက်ကြတယ်နော်။ အဆီလို့ကြားလိုက်တာနဲ့ ကျောမချမ်းလိုက်ပါနဲ့။ နွားနို့ဒိန်ခဲ နို့်ဆီကွတ်ကီး ဝက်သားဆီတွေလို စားလို်က်တာနဲ့ မဝလာစေဘဲ ပိုတောင်လှလာစေတဲ့၊ ကျန်းမာစေတဲ့ အဆီဓာတ်တွေရှိနေပါတယ်။ အဆီတွေထဲမှာ ဘယ်လိုအဆီက ကျန်းမာရေးပိုကောင်းစေတာလဲနော်။

 

ALA/DHA/ EPA လို့ခေါ်တဲ့အိုမီဂါသရီး အဆီဓာတ်တွေဟာ ငါးအများစုမှာပါဝင်နေပြီး အမျိုးသမီးတွေအတွက် ပိုမိုကျန်းမာလှပတဲ့ဘဝကို ဖန်တီးပေးဖို့ အသင့်ရှိနေတယ်လေ။

Maxx Omega 3 1

  • • ရာသီလာတိုင်း အကိုက်အခဲအနာအကျင်တွေကို သက်သာစေပါတယ်။ ပရိုဂလမ်တင်ကြောင့်ဖြစ်တဲ့ ရာသီလာစဉ် နာကျင်ခြင်းကို ကောင်းမွန်ပျောက်ကင်းစေပါသတဲ့။

 

  • • လေးဖက်နာရှိနေလား သွေးလေးဖက်နာခံစားနေရလား အဆစ်အမြစ်တွေကိုက်တတ်လား။ အိုမီဂါ 3 ဟာအဆစ်ရောင်တာနဲ့ တင်းတာကို သိသိသာသာကျဆင်းစေတဲ့အာနိသင်ရှိပါတယ်။

 

  • • အိုမီဂါ 3 ဟာ အရိုးပွတာတွေကို ထိထိရောက်ရောက်လျော့ကျစေပြီး အရိုးတွေကိုသန်မာကျစ်လစ်စေပါတယ်လို့ သုတေသနတွေ ထွက်ထားပါတယ်။ အသက်ကြီးလို့အရိုးမပွလေအောင် ကယ်လဆီယမ်နဲ့ အိုမီဂါ 3 မှီဝဲကြရအောင်လား။

 

  • • စိတ်ဓာတ်ကျနေသလား။ စိတ်ဖိစီးနေလား။ မပျော်မရွှင်ခံစားနေသလား။ အိုမီဂါ 3 ဓာတ်ဟာ စိတ်ကျရောဂါကို တိုက်ဖျက်ရမှာအစွမ်းထက်မြက်ပြီး စိတ်ကျန်းမာလာစေတယ်နော်။

 

  • • အိုမီဂါ 3 ပါဝင်တဲ့ ငါးစားသုံးခြင်းဖြင့် ရင်သားကင်ဆာနဲ့ အစာဟောင်းအိမ်ကင်ဆာတွေဖြစ်ပွားမယ့်အန္တရာယ်ကို ထိထိရောက်ရောက် ရှောင်ရှားနိုင်ပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေပြီး တစ်သျှူးတွေကို အသစ်ဖြစ်စေ နုပျိုစေတဲ့ဓာတ်ကြောင့် ကင်ဆာနဲ့ နှလုံးသွေးကြော ရောဂါတွေကို ကာကွယ်နေပါတယ်။

 

ခန္ဓာကိုယ်ပြင်ပအသားအရေကို အသားလှဆေးတွေအစိုဓာတ်ထိန်းဆေးတွေ သုံးကြပေမယ့် ကိုယ်တွင်းကိုတော့ မေ့လျောနေတတ်ကြပါတယ်။

ကိုယ်တွင်းအားပြည့်၀ကျန်းမာနေမှ အမျိုးသမီးတွေဟာ  ဖျတ်လတ်သွက်လက်နေပြီး ပျော်ရွှင်ကျန်းမာနေမှာပါ။ အမျိုးသမီးတွေဟာ တည်ငြိမ်ပြီး ရင့်ကျက်လှပနေဖို့ ကျန်းမာတဲ့ အဆီနဲ့အာပာာရပြည့်၀နေဖို့ လိုအပ်ပါတယ်။

အိမ်ရှင်မတွေ ဟင်းချက်တဲ့အခါ နေကြာဆီ ပဲပိစပ်ဆီ သံလွင်ဆီတွေ သုံးခြင်းဖြင့် အိုမီဂါ 3 ရရှိနိုင်သလို ငါးစားခြင်းကလည်း အာနိသင်ကောင်းတဲ့ အိုမီဂါ 3 ရစေပါတယ်။ ဖော်ပြပါရလဒ်ကောင်းတွေရရှိဖို့ ဆရာဝန် နဲ့တိုင်ပင်ပြီးဖြည့်စွက်စာတွေ လိုမလို မေးမြန်းသောက်သုံးနိုင်ပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Maxx Omega 3 2

(Unicode)


 


 


 


 


 


 


 




 
