ခေါင်းကိုက်တာတွေသက်သာစေဖို့
အခုခေတ်မှာ လူအများစုဟာ စိတ်ဖိစီးမှုတွေများ၊ ရေဓာတ်ခမ်းခြောက်၊ ညဘက်အိပ်တာနောက်ကျတာ စသဖြင့်အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်တာများလာကြတယ်။
အကိုက်အခဲပျောက်ဆေးတွေသောက်ပေမယ့် ပျောက်ချင်မှပျောက်တာပါ။ ဒီတော့ ဆေးလည်းသောက် ဒီနည်းလမ်းလေးတွေလည်း သုံးကြည့်ပါ။
၁။ နှိပ်နယ်ပေးခြင်း
တစ်ခါတစ်လေ ခေါင်းကိုက်တာဟာ အပေါ်ပိုင်းကြွက်သားတွေ တင်းတောင့်နေလို့လည်း ဖြစ်တတ်တယ်။ ဒါကြောင့် နှိပ်နယ်ပေးတာက သက်သာစေနိုင်တယ်။
၂။ အပူ၊ အအေးကပ်ခြင်း
ရေခဲအိတ်ပဲဖြစ်ဖြစ်၊ အပူအိတ်ပဲဖြစ်ဖြစ် ကပ်ပေးတာကလည်း နည်းနည်းသက်သာစေနိုင်တယ်။ လည်ပင်း၊ နဖူးစသဖြင့် ကိုက်တဲ့နေရပေါ်မူတည်ပြီး ကပ်ပေးပါ။
၃။ ရနံ့ကုထုံး
ရနံ့တွေဟာ ဦးနှောက်ရဲ့ကုစားနိုင်စွမ်းကို များစေတယ်လို့ဆိုကြတယ်။ ဒါကြောင့် ပူဒီနာ၊ ယူကလစ်တပ်၊ လာဗင်ဒါအဆီနံ့တွေက ခေါင်းကိုက်တာကို အနည်းနဲ့အများ သက်သာစေပါလိမ့်မယ်နော်။
Bio Adult 1

၄။ အပ်စိုက်ကုထုံး
အပ်စိုက်ကုထုံးဟာ ခန္ဓာကိုယ်ရဲ့ အနာသက်သာစေတဲ့ ဓာတ်ပစ္စည်းတွေကို ထွက်စေနိုင်တယ်လို့ ဆိုတယ်။
၅။ အသက်ရှူ လေ့ကျင့်ခန်း
ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ရပေမယ့် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ခေါင်းကိုက်တာတွေဟာ ပုံမှန်အသက်ရှူ လေ့ကျင်ခန်းနဲ့တင် သက်သာစေနိုင်တယ်။
၆။ ရေများများသောက်ပါ။
ရေဓာတ်ခမ်းခြောက်တာကလည်း ခေါင်းကိုက်စေတတ်တယ်။ ဒါကြောင့် ရေများများသောက်ပေးနော်။
ကဖိန်းဓာတ်များတာနဲ့ အရက်တွေဝိုင်တောာကလည်း ခေါင်းကိုက်စေနိုင်တယ်။
၇။ အိပ်ပါ။
အိပ်ရေးဝဝမအိပ်တာဟာ ကျန်းမာရေးကို အရမ်းထိခိုက်စေတယ်ဆိုတာ ကြားဖူးနေကျဖြစ်မှာပါနော်။ အိပ်ရေးဝဝအိပ်နိုင်ဖို့
• အိပ်ချိန်၊ နိုးချိန်ကို ပုံမှန်သတ်မှတ်ပါ။
• မအိပ်ခင်မှာဦးနှောက်ကိုနှိုးဆွတဲ့အရာတွကိုရှောင်ပါ။
• မအိပ်ခင်စိတ်ပြေလောျ့စေတမျိုးတွေ လုပ်ပေးပါ။
၈။ တစ်ချို့အစားအသောက်တွေကိုရှောင်ပါ။
တစ်ချို့အစားအသောက်တွေဟာ ခေါင်းကိုက်စေတတ်တာကြောင့် ရှောင်ပေးဖို့လိုတယ်။
• ကဖိန်းပါတဲ့စားစရာ၊ သောက်စရာ
• အချိုမှုန့်
• နိုက်ထရိတ်ပါတဲ့အစားအစာ
• တိုင်ရာမင်းပါတဲ့အစားအစာ
၉။ လက်ဖက်ရည်ကြမ်းသောက်ပေပါ။
လက်ဖက်ရည်ကြမ်းလေးေသာက်ပေးတာက စိတ်ကိုပြေလျော့စေတဲ့အပြင် အနာသက်သာစေနိုင်တဲ့ အစွမ်းသတ္တိလည်းရှိတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
၄။ အပျစိုကျကုထုံး
အပျစိုကျကုထုံးဟာ ခန်ဓာကိုယျရဲ့ အနာသကျသာစတေဲ့ ဓာတျပစ်စညျးတှကေို ထှကျစနေိုငျတယျလို့ ဆိုတယျ။
Dr. Mya Phoo Ngon (www.drmyanmar.com)















