/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချောင်းဆိုးတဲ့အခါ-ဆီးထွက်ကျလေ့ရှိတဲ့-အကြောင်းရင်းများ

ချောင်းဆိုးတဲ့အခါ ဆီးထွက်ကျလေ့ရှိတဲ့ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ချောင်းဆိုးတဲ့အခါ (သို့) ရယ်တဲ့အခါမှာ ဆီးထွက်ကျခြင်းက ဖိအားကြောင့်ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါဟာ ဆီးသွားတဲ့အချိန်မှာ ထိန်းချုပ်ပေးတဲ့ကြွက်သားတွေ အားနည်းသွားလို့ဖြစ်ပြီး အဖြစ်များတဲ့ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

          ချောင်းဆိုးခြင်း၊ နှာချေခြင်း (သို့) ရယ်ခြင်းစတဲ့ ခန္ဓာကိုယ်ကို အားစိုက်လှုပ်ရှားလိုက်တဲ့ အပြုအမူ တစ်ခုခုကြောင့် ဆီးထွက်ကျနိုင်သလို အောက်ပါ ကိုယ်လက်လှုပ်ရှား လုပ်တဲ့အချိန်တွေမှာလည်း ဖြစ်နိုင်ပါတယ်။

•         လေ့ကျင့်ခန်းလုပ်ခြင်း

•         လေးလံသောပစ္စည်းများ မ,ခြင်း

•         ခုန်ခြင်း

•         လိင်ဆက်ဆံခြင်း

          အောက်ပါတို့ကြောင့်လည်း ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေနဲ့ ဆီးလမ်းကြောင်းတစ်ဝိုက်က ကြွက်သားတွေ ထိခိုက်မိခြင်း၊ အားနည်းသွားခြင်းတွေဖြစ်ပြီး ဆီးမထိန်းနိုင် ဖြစ်စေနိုင်ပါတယ်။

•         ကိုယ်ဝန်ဆောင်စဉ်

•         ကလေးမွေးစဉ်

•         အဝလွန်ခြင်း

•         အချို့သောဆေးဝါးများကို ဆွဲသောက်ရခြင်း

 

Dr. Mya Myo Myo Swe (www.drmyanmar.com)