တုပ်ကွေးဖြစ်နေချိန် နားသင့် / မနားသင့်?
အခုချိန်မှာ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးချောင်းဆိုးခြင်းတွေ ဖြစ်နေရင်တော့ တုပ်ကွေးရောဂါပိုး ကူးစက်ခံရလို့ ဖြစ်နိုင်ပါတယ်။ တုပ်ကွေးဆိုတာ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမယ့် အခုလို ရာသီဥတုအေးတဲ့အချိန်မှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။
Decolgen IA 1

တုပ်ကွေးရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်းရော၊ အောက်ပိုင်းကိုပါ ဒုက္ခပေးလေ့ရှိလို့ တုပ်ကွေးဖြစ်တဲ့အခါ အနားယူပေးသင့်ပါတယ်။ နေ့ဘက်မှာ နိစ္စဓူဝအလုပ်ကလွဲလို့ ကျန်တာတွေမလုပ်ဘဲ အနားယူတာဟာ အပိုအလုပ်တွေမှာ စွမ်းအင်မသုံးရတော့လို့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ကိုပဲ အာရုံစိုက်နိုင်ပါတယ်။
Decolgen IA 2

ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူတာဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်လိုက်ရလို့ အားနည်းသွားတဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ကောင်းကောင်းအနားယူခြင်းဟာ အမြန်သက်သာဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ။
အနားယူတာအပြင်ကို အရည်များများသောက်ပေးဖို့၊ ရောဂါလက္ခဏာသက်သာစေဖို့အတွက် Decolgen လို ဆေးဝါးတွေကို သောက်သုံးပေးဖို့ကိုလည်း မမေ့ကြပါနဲ့နော်။