တုပ်ကွေးရောဂါပိုးကို တိုက်ထုတ်ပေးနိုင်သော အစားအစာများ
အအေးမိချင်သလိုဖြစ်လာပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီဆိုရင်တော့ အောက်ဖော်ပြပါ အစားအသောက်များကို စားသုံးပေးပါ။
၁။ ကြက်စွပ်ပြုတ်
အအေးမိတာကို တိုက်ဖျက်နိုင်တဲ့အစားအစာတွေထဲမှာ ကြက်စွပ်ပြုတ်က ထိပ်ဆုံးက ပါ၀င်နေတာကိုတော့ ဘယ်သူမှငြင်းလို့မရပါဘူး။ ကြက်စွပ်ပြုတ်ပူပူသောက်ခြင်းဟာ နှာခေါင်း၊ လည်ချောင်းတစ်လျှောက်ကို နွေးထွေးစေပြီး ဗိုင်းရပ်ပိုးများကို သေစေနိုင်ပါတယ်။ ကြက်သားမှာ ပရိုတင်းဓာတ်အပြည့်အ၀ပါတဲ့အပြင် ရေဓာတ်၊ အနာကျက်စေတဲ့ အာနိသင်နဲ့ရောင်ရမ်းမှုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေလည်းရှိပါတယ်။
၂။ ဟင်းခတ်အမွှေးအကြိုင်
ဆေးပညာလေ့လာမှုများအရ နနွင်း၊ လေးညှင်းနဲ့ကရေ၀းစတဲ့ ဟင်းခတ်အမွှေးအကြိုင် တွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိတာနဲ့ တုပ်ကွေးကို တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့လျှင် ဟင်းခတ်အမွှေးအကြိုင်လက်ဖက်စားဇွန်း တစ်ဇွန်းစာကို မှီ၀ဲပေးရုံ မျှဖြင့် အအေးမိေ၀ဒနာကို ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဘယ်ရီသီး
ဘယ်ရီသီးများမှာ ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသော ပစ္စည်းများကြွယ် ၀စွာပါ၀င်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး အအေးမိဖျားနာတာကို သက်သာစေပါ တယ်။ ဘလူးဘယ်ရီသီးများဟာ အခြားသောအသီးများထက် ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပိုရှိတာ ကြောင့် ဖြစ်နိုင်လျှင် ဘလူးဘယ်ရီသီးကို ပိုစားပေးပါ။
၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ အယ်လီအွန် (Allion) နဲ့ အယ်လီဆင် (Alicin) ဓာတ်တို့ပါ၀င်တာကြောင့် ဗိုင်းရပ်ပိုးများကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါများ၊ ကူးစက် ရောဂါများအတွက် ကောင်းမွန်တဲ့ဆေးတစ်လက်ပါ။ အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ အရသာပိုမိုကောင်းမွန်အောင် ပျားရည်နှင့်လည်းတွဲဖက်၍ စားသုံးနိုင်ပါတယ်။
၅။ ကြက်သွန်နီ
ကြက်သွန်နီဟာ လူတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိပါတယ်။ တုပ်ကွေး ရောဂါဖြစ်နေချိန်တွင် ကြက်သွန်နီကို မှီ၀ဲပေးပါက တုပ်ကွေးကိုသက်သာစေနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး ကိုလက်စထရောဓာတ်ကို လျှော့ချနိုင်စွမ်းရှိလို့ အ၀လွန်သူများစားသင့်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)