ဒူးနာခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းများ
သင်သိပါသလား။ အဝလွန်သူ ၃ယောက်အနက်၂ယောက်ဟာ ဒူးဆစ်ရောင်ရမ်းဝေဒနာကို ခံစားနေရတယ်ဆိုတာ…
အဝလွန်သူတွေတင်သာမကပဲ သက်ကြီးရွယ်အိုတွေ၊ ကာယလုပ်သားတွေနဲ့ အညောင်းထိုင်သူတွေမှာလည်း ဒူးနာခြင်းဟာ ပြဿနာတစ်ခုဖြစ်လာလျက်ရှိပါတယ်။ ဒီလိုဒူးနာခြင်းကို သောက်ဆေးများဖြင့်သက်သာအောင်ပြုလုပ်နိုင်သလို အိမ်တွင်းနည်းလမ်းလေးတွေနဲ့လည်း ကုသနိုင်ပါသေးတယ်။ ဒီနည်းလမ်းလေးတွေကတော့..
(၁) နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း(ကိုယ်အလေးချိန်ချခြင်း၊ အနားယူခြင်း)
ဒူးဆစ်ကိုထိခိုက်နာကျင်စေမယ့် လှေကားတက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းစတဲ့ လှုပ်ရှားမှုများကို တတ်နိုင်သမျှ ရှောင်ပါ။ အဝလွန်နေသူများ ကိုယ်အလေးချိန်လျှော့ပါ။ ဒူးနာခြင်းဖြစ်ပေါ်နေပါက ထိုနာကျင်နေတဲ့ဒူးကို ၁၂-၂၄ နာရီလောက် အနားပေးခြင်းဖြင့် ပြန်လည်သက်သာအောင် ကြိုးစားနိုင်ပါတယ်။ ဒူးဆစ်ကျန်းမာရေးအတွက် သီးသန့်လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။
Jointace 1
(၂) လေ့ကျင့်ခန်းပြုလုပ်ခြင်း
လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဒူးဆစ်ကြွက်သားများကို သန်မာစေပြီး လှုပ်ရှားရတာ ပိုမိုသက်သောင့်သက်သာရှိစေမှာပါ။ ဒူးနာတတ်သူတွေအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ပဲ ဖြစ်ပါတယ်။
အရမ်းပြင်းထန်သောလေ့ကျင့်ခန်းတွေကတော့ ဒူးနာခြင်းကိုပိုဆိုးစေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။
(၃) ဒူးကိုသက်သောင့်သက်သာဖြစ်စေမယ့် အကူပစ္စည်းများအသုံးပြုခြင်း
လမ်းလျှောက်တဲ့အခါ တုတ်ကောက်အသုံးပြုခြင်း၊ ဒူးစွပ်စွပ်ခြင်း၊ ခြေထောက်နာကျင်မှု သက်သာအောင် ထုတ်ထားသောဖိနပ်များစီးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
(၄) အပူကပ်ခြင်းနဲ့ ရေခဲကပ်ခြင်းပြုလုပ်ခြင်း
နာကျင်နေသောနေရာကို အကိုက်အခဲပျောက်လိမ်းဆေးများ လိမ်းပေးနိုင်သလို ရေခဲကပ်ခြင်းသို့မဟုတ် ရေနွေးအိတ်ကပ်ခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ အပူကပ်ခြင်းက အရိုးအဆစ်များကြား ပွတ်တိုက်မှုကိုလျော့နည်းစေပြီး အအေးကပ်ခြင်းဖြင့် ကြွက်သားနာကျင်တင်းမာမှုကို သက်သာစေမှာပါ။
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
Jointace 2
သင္သိပါသလား။ အ၀လြန္သူ ၃ေယာက္အနက္၂ေယာက္ဟာ ဒူးဆစ္ေရာင္ရမ္းေ၀ဒနာကို ခံစားေနရတယ္ဆိုတာ…
အ၀လြန္သူေတြတင္သာမကပဲ သက္ႀကီးရြယ္အိုေတြ၊ ကာယလုပ္သားေတြနဲ႔ အေညာင္းထိုင္သူေတြမွာလည္း ဒူးနာျခင္းဟာ ျပႆနာတစ္ခုျဖစ္လာလ်က္ရွိပါတယ္။ ဒီလိုဒူးနာျခင္းကို ေသာက္ေဆးမ်ားျဖင့္သက္သာေအာင္ျပဳလုပ္နုိင္သလို အိမ္တြင္းနည္းလမ္းေလးေတြနဲ႔လည္း ကုသနုိင္ပါေသးတယ္။ ဒီနည္းလမ္းေလးေတြကေတာ့..
(၁) ေနထိုင္စားေသာက္မႈပံုစံေျပာင္းလဲျခင္း(ကိုယ္အေလးခ်ိ္န္ခ်ျခင္း၊ အနားယူျခင္း)
ဒူးဆစ္ကိုထိခိုက္နာက်င္ေစမယ့္ ေလွကားတက္ျခင္း၊ ေျပးျခင္း၊ ခုန္ျခင္းစတဲ့ လႈပ္ရွားမႈမ်ားကို တတ္နိုင္သမွ် ေရွာင္ပါ။ အ၀လြန္ေနသူမ်ား ကိုယ္အေလးခ်ိန္ေလွ်ာ့ပါ။ ဒူးနာျခင္းျဖစ္ေပၚေနပါက ထိုနာက်င္ေနတဲ့ဒူးကို ၁၂-၂၄ နာရီိေလာက္ အနားေပးျခင္းျဖင့္ ျပန္လည္သက္သာေအာင္ ႀကိဳးစားနုိင္ပါတယ္။ ဒူးဆစ္က်န္းမာေရးအတြက္ သီးသန္႔ေလ့က်င့္ခန္းမ်ားကိုလည္း ျပဳလုပ္နုိင္ပါတယ္။
(၂) ေလ့က်င့္ခန္းျပဳလုပ္ျခင္း
ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္ ဒူးဆစ္ႂကြက္သားမ်ားကို သန္မာေစၿပီး လႈပ္ရွားရတာ ပိုမိုသက္ေသာင့္သက္သာရွိေစမွာပါ။ ဒူးနာတတ္သူေတြအတြက္ သင့္ေတာ္တဲ့ေလ့က်င့္ခန္းေတြကေတာ့ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္း၊ ေရကူးျခင္းတို႔ပဲ ျဖစ္ပါတယ္။
အရမ္းျပင္းထန္ေသာေလ့က်င့္ခန္းေတြကေတာ့ ဒူးနာျခင္းကိုပိုဆိုးေစနိုင္တာမို႔ ေရွာင္ၾကဥ္သင့္ပါတယ္။
(၃) ဒူးကိုသက္ေသာင့္သက္သာျဖစ္ေစမယ့္ အကူပစၥည္းမ်ားအသံုးျပဳျခင္း
လမ္းေလ်ွာက္တဲ့အခါ တုတ္ေကာက္အသံုးျပဳျခင္း၊ ဒူးစြပ္စြပ္ျခင္း၊ ေျခေထာက္နာက်င္မႈ သက္သာေအာင္ ထုတ္ထားေသာဖိနပ္မ်ားစီးျခင္းတုိ႔ကို ျပဳလုပ္နုိင္ပါတယ္။
(၄) အပူကပ္ျခင္းနဲ႔ ေရခဲကပ္ျခင္းျပဳလုပ္ျခင္း
နာက်င္ေနေသာေနရာကို အကိုက္အခဲေပ်ာက္လိမ္းေဆးမ်ား လိမ္းေပးနုိင္သလို ေရခဲကပ္ျခင္းသို႔မဟုတ္ ေရေႏြးအိတ္ကပ္ျခင္းလည္း ျပဳလုပ္နုိင္ပါတယ္။ အပူကပ္ျခင္းက အရိုးအဆစ္မ်ားၾကား ပြတ္တိုက္မႈကိုေလ်ာ့နည္းေစၿပီး အေအးကပ္ျခင္းျဖင့္ ႂကြက္သားနာက်င္တင္းမာမႈကို သက္သာေစမွာပါ။
ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)






























