နွေအပူကိုအံတုဖို့ ဗီတာမင်စီ ဆောင်ကြစို့
ပူပြင်းလှတဲ့နွေဥတုကို ဝင်ရောက်လာချိန်မှာ နွေအပူကို အန်တုဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြရပါတော့တယ်။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစားအစာတွေကို စားပေးခြင်းက တစ်နှစ်ပတ်တာလုံး ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
တချို့လေ့လာမှုတွေမှာတော့ ဖြည့်စွက်ဗီတာမင်အားဆေးတချို့ဟာ နွေအပူကိုအံတုရာမှာ အကျိုးပြုတယ်လို့ တွေ့ရပါတယ်။ ဒီထဲမှာ ဗီတာမင်စီလည်း ပါတာပေါ့။
Vicee IA 2023 Image 1

ဗီတာမင်စီဟာ အပူဒဏ်ကြောင့် အနီကွက်ထွက်တာ၊ ချွေးထွက်လွန်တာတွေကို သက်သာစေနိုင်ပါတယ်။ နေ့တိုင်း ဗီတာမင်စီ စားပေးခြင်းက အပူဒဏ်ကို ကိုယ်ခန္ဓာက ညှိယူတဲ့လုပ်ငန်းစဉ်မှာလည်း ကူညီပေးပါတယ်။
ဗီတာမင်စီဟာ သဘာဝ anti-histamine ဖြစ်သလို အားကောင်းတဲ့ အင်တီအောက်စီဒန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီရဲ့ ဓာတ်မတည့်မှုတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။
Vicee IA 2023 Image 2

အင်တီအောက်စီဒန့်အစွမ်းကြောင့် ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပြီး ကော်လဂျင်ထုတ်လုပ်မှုကို အားပေးကာ တစ်ရှူးတွေပြန်လည်ပြုပြင်မှုကို မြန်စေပါတယ်။ ဒါကြောင့် နေရောင်ခြည်ရဲ့ ပျက်စီးမှုကို သက်သာစေနိုင်တာပေါ့။
ဒီလိုအစွမ်းသတ္တိတွေရှိတဲ့ ဗီတာမင်စီကို မှန်မှန်စားပေးပြီး နွေရာသီ ၃ လကို ကျန်းကျန်းမာမာနဲ့ ဖြတ်ကျော်နိုင်ကြပါစေနော်။