ပုံမှန်သွေးလှူနေသူတွေမှာ သံဓာတ်ချိုတဲ့ခြင်းမဖြစ်စေရန် နည်းလမ်းများ
သံဓာတ်ဟာ သွေးနီဥရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဟေမိုဂလိုဘင်ဓာတ် (Hemoglobin) တည်ဆောက်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ Hemoglobin ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးတာကြောင့် သံဓာတ်ချို့တဲ့ရင် မောပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။
Feroglobin IA 2024
သွေးလှူတဲ့အခါ ခန္ဓာကိုယ်ကနေ သံဓာတ်ကိုပါ ဖယ်ရှားလိုက်တာဖြစ်လို့ ပုံမှန်သွေးလှူနေကျသူတွေမှာ သံဓာတ်မချို့တဲ့အောင်ကာကွယ်ပေးတဲ့ နည်းလမ်းတွေကိုသာ သေချာမလိုက်နာခဲ့ရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။
Feroglobin IA 2024
ဒါကြောင့် မိမိတို့အနေနဲ့ ပုံမှန်သွေးလှူနေကျဆိုရင် ဖော်ပြပါအချက်တွေကို သေချာလိုက်နာကြဖို့ အကြံပြုလိုပါတယ်။
● နေ့စဥ်စားသောက်မယ့်ထဲမှာ သံဓာတ်ကြွယ်ဝသော အစားအစာများ ပါဝင်အောင် စားသောက်ပေးပါ။
● သံဓာတ်ဖြည့်အားဆေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးပါ။
● သွေးလှူတဲ့အခါ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားကို အနည်းဆုံး (၁၂) ပတ်ခြားပြီးမှ လှူပါ။