ပူလိုက်၊ အေးလိုက် ရာသီဥတုမှာ အဆုတ်ရောဂါအခံရှိသူတွေ အသက်ရှူချောင်စေဖို့
အခုချိန်ဟာ မိုးတွင်းကာလဆိုပေမယ့် တသမတ်တည်း အေးနေတာတော့ မဟုတ်ပါဘူး။ မိုးရွာရင် အေးစိမ့်ပြီးတော့ မိုးတိတ်ပြီး နေပူလာရင် ပူအိုက်တာကို သတိထားမိကြမှာပါ။
Solmux Adult IA 1 2023

ဒီလို ပူလိုက်၊ အေးလိုက် ရာသီဥတုမှာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းကျဥ်းရောဂါ အစရှိတဲ့ အဆုတ်ရောဂါအခံရှိရင် ရင်ကြပ်ပြီး အသက်ရှူမဝတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိတို့မှာ အဆုတ်ရောဂါအခံရှိတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းတွေကို လုပ်ဆောင်ပြီးတော့ မိုးတွင်းကာလကို ဖြတ်သန်းကြဖို့ အကြံပြုချင်ပါတယ်နော်။
Solmux Adult IA 2 2023

● ဆေးလိပ်သောက်တတ်သူဆို ဆေးလိပ်ဖြတ်ပါ။
● ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို ပုံမှန်သောက်သုံးပါ။
● ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
● ကိုယ်ခံနိုင်ရည်ရှိသလောက် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ။
● ရေများများသောက်ပါ။
● ရောဂါပိုးတွေ မကူးစက်အောင် လက်ဆေးပါ။ Mask တပ်ပါ။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားပါ။
● စိတ်ဖိစီးမှုတွေကို လျှော့ချပါ။