/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်စီက-နှလုံးအတွက်-တကယ်ကောင်းတာလား

ဗီတာမင်စီက နှလုံးအတွက် တကယ်ကောင်းတာလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုဘယ်ပုံ စားသင့်တယ်ဆိုတာကို အမျိုးမျိုး ငြင်းခုံနေကြပေမယ့် ဟင်းသီးဟင်းရွက် များများစားသင့်တယ် ဆိုတာကိုတော့ ငြင်းမယ့်သူ မရှိလောက်ဘူး ထင်ပါတယ်နော်။ အထူးသဖြင့် အသီးအနှံတွေမှာပါတဲ့ ဗီတာမင်စီက လူတွေကို ကောင်းကျိုးအမျိုးမျိုး ပေးနိုင်လို့ပါပဲ။

          ဗီတာမင်စီ စားလေလေ နှလုံးရောဂါနဲ့ တခြားရောဂါအမျိုးမျိုးကြောင့် အရွယ်မတိုင်မီ သေဆုံးနှုန်းကို လျှော့ချနိုင်တယ်ဆိုတာ တကယ်အမှန်ပဲလား?

          ၂၀၁၅ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ဆိုရင်တော့ ဟင်းသီးဟင်းရွက် ပိုစားတဲ့လူတွေဟာ မစားတဲ့သူတွေထက် ပိုပြီးတော့ အရွယ်မတိုင်မီ သေဆုံးနှုန်း လျော့နည်းတယ်ဆိုတာကို တွေ့ရတယ်။

          ပြီးတော့ သွေးထဲ ဗီတာမင်စီ များတဲ့လူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးနှုန်း အတော်နည်းသွားတယ်။

          ဒီလိုဆိုရင် ဗီတာမင်စီက ဘာကြောင့်နှလုံးအတွက် ကောင်းတာလဲဆိုတာကို ပြောပြမယ်နော်။

          ဗီတာမင်စီဟာ ကိုယ်ခံအားကို မြှင့်တင်ပေးတာ၊ အင်တီအောက်စီးဒင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ခြေဖျက်နိုင်တာတွေကြောင့် နာမည်ကြီးတယ်။ ဒီလို ဓာတ်တိုးဆန့်ကျင်တဲ့ အစွမ်းကြောင့်လည်း နှလုံးရောဂါတွေ၊ အာရုံကြော ယိုယွင်းတဲ့ရောဂါတွေကနေ ကာကွယ်နိုင်တာပါ။

          ဒီလောက်ကောင်းတဲ့ ဗီတာမင်စီကို ဘယ်လိုရယူရမလဲ တွေးနေကြပြီ ထင်တယ်နော်။

          ဗီတာမင်စီကို ခန္ဓာကိုယ်ကနေ မထုတ်လို့ အပြင်ကနေပဲ ရယူပါတယ်။ ဗီတာမင်စီပါ၀င်တဲ့ ဆေးဝါးတွေကို မှီ၀ဲနိုင်သလို အစားအသောက်ကနေလဲ ရယူနိုင်ပါတယ်။

●        အချဉ်သီးတွေ

●        ခရမ်းချဉ်သီး

●        ငရုတ်ပွ အနီ၊ အစိမ်း

●        ကီဝီ

●        ပန်းဂေါ်ဖီစိမ်း

●        စတော်ဘယ်ရီ

●        ဂေါ်ဖီထုပ်

●        သငေ်္ဘာသီး

●        ဆလပ်ရွက်တစ်မျိုး ကနေ ရနိုင်တယ်။

ဒါ့ကြောင့် နေ့စဉ် အသီးအရွက်တွေ မှန်မှန်စားပေးဖို့ မမေ့ပါနဲ့။ ဒါမှ ဗီတာမင်စီနဲ့ အာဟာရတွေ ရရှိပြီးတော့ ကျန်းမာတဲ့ နှလုံးသားလေးကို ပိုင်ဆိုင်နိုင်မှာနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)














●        စတောျဘယျရီ

●        ဂေါျဖီထုပျ

●        သငျ်ဘောသီး



Dr. Mya Phoo Ngon (www.drmyanmar.com)