မိုးလေးတစ်ဖြောက်နှစ်ဖြောက်ရွာလိုက်တာနဲ့ နှာတရှုံ့ရှုံ့ဖြစ်နေသလား ?
မိုးရွာတဲ့အခါ အေးမြသွားလို့ ဒီလိုရာသီဥတုကို လူတော်တော်များများ သဘောကျလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့သူတွေအတွက်ကတော့ မိုးရွာပြီးတဲ့အခါ နှာရည်တတောက်တောက်ကျပြီး နှာခေါင်းပိတ်တာ၊ ခေါင်းကိုက်တာ၊ မောတာတွေ ခံစားရလေ့ရှိလို့ မိုးရာသီကို မနှစ်သက်ကြပါဘူး။
ဒီလိုဘာကြောင့်ဖြစ်ရတာပါလဲ ?
ရောဂါပိုးတွေကြောင့်အပြင် ဖြစ်စေတဲ့အရာ နောက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ လေထုထဲမှာ ပျံ့နှံနေတဲ့ ပန်းဝတ်မှုန်တွေပါပဲ။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့အခါ နှာစေး၊ နှာရည်ယိုတာတွေ ဖြစ်တတ်ပါတယ်။
Decolgen IA 1

မိုးရာသီမှာ ဘာကြောင့် ဓာတ်မတည့်မှု ဖြစ်လွယ်ရတာလဲ ?
မိုးရွာလိုက်တဲ့အခါ ပန်းဝတ်မှုန်တွေကို အစိတ်အပိုင်းသေးသေးလေးဖြစ်အောင် ဖြိုခွဲလိုက်ပါတယ်။ အရွယ်အစားသေးသွားတဲ့အခါ ပိုပေါ့သွားပြီး လေထုထဲမှာ များများပိုပျံ့နှံ့နိုင်လို့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေဟာ အခုလိုမိုးရာသီမှာ ရောဂါလက္ခဏာတွေကို ပိုပြီးခံစားရလေ့ရှိပါတယ်။
Decolgen IA 2

မိုးရာသီမှာ ဓာတ်မတည့်မှုမဖြစ်အောင်ကာကွယ်ဖို့ ဘာတွေလုပ်ပေးသင့်သလဲ ?
ပြင်းထန်တဲ့ဓာတ်မတည့်ရောဂါရှိရင်၊ ဒါမှမဟုတ် ပန်းနာရင်ကြပ်ရောဂါရှိရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို သေချာသုံးစွဲပေးပါ။ ဒါ့အပြင် ပန်းဝတ်မှုန်နဲ့ထိတွေ့မှုကို လျှော့ချဖို့အတွက်
● မိုးရွာပြီးတဲ့အခါ တံခါးတွေ၊ ပြတင်းပေါက်တွေကို ပိတ်ထားပါ။
● လေထုထဲမှာ ပန်းဝတ်မှုန်တွေ အများဆုံးရှိနေချိန်ဖြစ်တဲ့ မနက်အစောပိုင်းမှာ အပြင်ထွက်တာကို ရှောင်ကြဥ်ပါ။
● အပြင်ကပြန်လာတာနဲ့ ရေချိုးပါ။ ကိုယ်လက်သန့်စင်ပါ။
ဓာတ်မတည့်မှုလက္ခဏာတွေ ဖြစ်လာတဲ့အခါ Antihistamine ပါဝင်တဲ့ Decolgen လို ဆေးဝါးတွေသောက်သုံးခြင်းဖြင့်လည်း သက်သာနိုင်ပါတယ်။ ဒါကြောင့် မိမိတို့တွေဟာ မိုးရွာပြီးတိုင်း နှာခေါင်းလေးတရှုံ့ရှုံ့နဲ့ ဟတ်ချိုး ဟတ်ချိုး ဖြစ်တတ်ရင်တော့ တစ်ရှူး၊ Antihistamine ပါဝင်တဲ့ဆေးဝါးနဲ့ နှာဖြန်းဆေးတွေကို အိမ်မှာ အဆင်သင့်ဆောင်ထားကြဖို့ လိုအပ်ပါမယ်နော်။