/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းနာပြီး-ချောင်းဆိုးခြင်း

လည်ချောင်းနာပြီး ချောင်းဆိုးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လည်ချောင်းနာတယ်ဆိုတာ အသံအိုးတွေ၊ အသံကြိုးတွေ ရောင်ရမ်းနာကျင်တာပါ။ ပုံမှန်အားဖြင့်တော့ ၁ ပတ်၊ ၂ ပတ်လောက်အတွင်း သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။

>>  ဘာလက္ခဏာတွေ ပြတတ်လဲ?
●  အသံအက်၊ အသံကွဲမယ်
●  အသံမထွက်တာမျိုး ဖြစ်တတ်တယ်
●  ချောင်းဆိုးမယ်
●  လည်ချောင်းကို အမြဲရှင်းနေလိမ့်မယ်
●  လည်ချောင်းနာမယ်

>>  ကလေးတွေမှာဆို
●  အဖျားကြီးမယ်
●  မစားချင်၊ မသောက်ချင် ဖြစ်မယ်
●  အသက်ရှူရခက်မယ် (ရှားတော့ ရှားပါတယ်)
●  တခြား တုပ်ကွေး၊ အအေးမိတာနဲ့လည်း တွဲပြီး လာတတ်ပါတယ်။

>>  ဘာတွေလုပ်ရမလဲ?
●  တတ်နိုင်သလောက် စကားမပြောပါနဲ့။
●  ရေများများ သောက်ပါ။
●  လေကို မခြောက်သွေ့အောင် ရေခွက်လေးတွေ ထားထားပါ။
●  ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းပါ။

>>  မလုပ်ရမှာတွေက -
●  အသံအကျယ်ကြီး ဒါမှမဟုတ် တိုးတိုးပြောဖို့ မကြိုးစားပါနဲ့။
●  ဆေးလိပ်မသောက်ပါနဲ့။
●  ဖုန်ထူတဲ့၊ မီးခိုးမွှန်တဲ့နေရာတွေ မသွားပါနဲ့။
●  ကော်ဖီ၊ အရက် စတာတွေ ရှောင်ပါ။
အိမ်မှာ နာတာ သက်သာအောင် paracetamol၊ ချောင်းဆိုးပျောက်ဆေးရည် ဒါမှမဟုတ် ငုံဆေး ငုံလို့ ရပါတယ်။

>>  ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ?
●  ၂ ပတ်ကျော်လို့မှ မသက်သာရင်
●  အစာတောင် မျိုမချနိုင်အောင် နာရင်
●  ဒီလိုမျိုး ခဏခဏ ဖြစ်နေရင်
●  ကလေးက အသက်ရှုရခက်တာမျိုး ဖြစ်နေရင် အရေးပေါ် ပြသင့်ပါတယ်။

>>  ဘာကြောင့် ဖြစ်ရတာလဲ?
များသောအားဖြင့် တုပ်ကွေး၊ အအေးမိ ဖြစ်စေတဲ့ ဗိုင်းရပ်ကြောင့် ဖြစ်တာပါ။ တုပ်ကွေးကာကွယ်ဆေး ထိုးထားရင် လည်ချောင်းနာတာကိုလည်း ကာကွယ်နိုင်ပါတယ်။

>>  တခြားဖြစ်စေတဲ့အရာတွေက -
●  ဖုန်တွေ၊ မီးခိုးတွေကြောင့် ဓာတ်မတည့်တာ
●  ဗိုက်ထဲက အစာခြေအရည်တွေ လည်ချောင်းထဲကို ပြန်ပြန်တက်လာလို့ ဖြစ်တာ
●  ချောင်းအကြာကြီး ဆိုးနေလို့
●  လည်ချောင်း ခဏခဏ ရှင်းလို့

>>  ဆရာဝန်ဆီ ရောက်ရင် ဘာတွေလုပ်မလဲ?
●  ဘာကြောင့် လည်ချောင်းနာတာလဲဆိုတာကို စစ်ဆေးပေးပါလိမ့်မယ်။
●  လည်ချောင်းထဲကို မှန်အသေးလေးနဲ့ ကြည့်မယ်။
●  လိုအပ်ရင် လည်ချောင်းတို့ဖတ်ယူပြီး စစ်ဆေးမယ်။
●  သွေးစစ်မယ်
●  လိုအပ်ရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆီ လွှဲပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)