သင့်မှာ ဗီတာမင်စီ လုံလောက်ရဲ့လား?
လိမေ္မာ်သီးတွေချည်းပဲ နေတိုင်းအများကြီး စားဖို့ပြောတာမဟုတ်ဘူးနော်။ နေ့စဉ်လိုလားချက်တွေကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။
လိမေ္မာ်သီးမှာ ဗီတာမင်စီပါတယ်ဆိုတာ သိထားပေမယ့် ဗီတာမင်စီဟာ ကိုယ်ခန္ဓာမှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိသူနည်းပါလိမ့်မယ်။
** ဗီတာမင်စီဆိုတာဘာလဲ? **
ရေထဲမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးပါ။ ကိုယ်ခန္ဓာမှာ မသိုလှောင်ထားနိုင်တာကြောင့် နေ့တိုင်းပုံမှန်စားပေးနေဖို့ လိုပါတယ်။
အချဉ်သီးတွေ၊ ဘယ်ရီသီးတွေ၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် အသီးအရွက်တွေနဲ့ အာလူးတို့မှာ ဗီတာမင်စီတွေ ပါတယ်။
ကျနး်မာရေးနဲ့ညီညီညွတ်ညွတ်စားပေးရုံနဲ့ ဗီတာမင်စီ လုံလောက်နိုင်ပေမယ့် တစ်ချို့တွေမှာတော့ ဗီတာမင်စီအားဆေးတွေ သောက်ပေးဖို့လိုတတ်ပါတယ်။
** ဗီတာမင်စီကဘာတွေလုပ်ပေးနိုင်သလဲ? **
ဗီတာမင်စီမှာ လုပ်ငန်းဆောင်တာတွေ အများကြီးရှိပြီးတော့ အဓိကအားဖြင့် တစ်ရှူးတွေကြီးထွားရေး၊ ပြန်လည်ပြုပြင်ရေးတွေမှာ အရေးပါတယ်။ အပင်မှာပါတဲ့ သံဓာတ်တွေကို စုပ်ယူဖို့လည်း ဗီတာမင်စီလိုတယ်။
ဓာတ်တိုးပစ္စည်းတွေကြောင့် ကလာဒ်စည်းဆဲလ်နံရံတွေ မပျက်စီးရအောင်ကာကွယ်ပေးမယ့် အင်တီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါ ပါသေးတယ်။ ဒါ့အပြင်
1. ကိုယ်ခံစွမ်းအားနဲ့ ဗီတာမင်စီ….
ဗီတာမင်စီဟာ ခုခံအားစနစ်အတွက်လည်း အရေးပါသေးတယ်။ ဗီတာမင်စီအားဆေးသောက်ပေးတာကလည်း အအေးမိနှုန်းကို ထက်ဝက်ကျစေနိုင်ကြောင်း တွေ့ရတယ်။
2. အလှအပအတွက်ရောစိတ်ပူနေလား…
ဗီတာမင်စီဟာ အရေပြားမှာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတာကြောင့် အရေးအကြောင်းတွေမဖြစ်အောင် တားဆီးပေးပါတယ်။
3. နှလုံးကျန်းမာရေးနဲ့ ဗီတာမင်စီ….
ဗီတာမင်စီဟာ သွေးကြောတွေကို ကြ့ံခိုင်စေတယ်။ ၂၀၁၆လေ့လာမှုတစ်ခုအရ ဗီတာမင်စီဟာ သွေးကြောအဆီဖုံးခြင်းဖြစ်တာကို နှောင့်နှေးစေတဲ့အတွက် သွေးကြောပိတ်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
** ဗီတာမင်စီမလုံလောက်တဲ့အခါ… **
ဗီတာမင်စီမလုံလောက်တဲ့အခါ Scurvyလို့ခေါ်တဲ့ ရေစီးကမ်းပြို သွေးကြောပေါက်ရောဂါတစ်မျိုးကို ဖြစ်စေနိုင်တယ်။ အတိတ်ခေတ်ကာလတုန်းက အသီးအနှံမစားသောက်ရတဲ့ သငေ်္ဘာသားတွေမှာ အထူးသဖြင့် တွေ့ခဲ့ရတာပေါ့။
အနည်းဆုံး၃လလောက် ဗီတာမင်စီ မလုံလောက်တော့မှသာ ဖြစ်နိုင်တာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ဖျားနာနေသူတွေမှာ ဗီတာမင်စီတွေ ပိုလိုအပ်နိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေမှာလည်း ဗီတာမင်စုပ်ယူမှု နည်းစေတာကြောင့် ဗီတာမင်ချို့ယွင်းမှု ပိုဖြစ်နိုင်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























