/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်မသိသေးတဲ့-အစာခြေလမ်းကြောင်းအကြောင်း-ထူးဆန်းထွေလာ

သင်မသိသေးတဲ့ အစာခြေလမ်းကြောင်းအကြောင်း ထူးဆန်းထွေလာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

• တစ်ရက်ကို တံတွေးက နှစ်ပိုင့်လောက်ထွက်သတဲ့။ ဘီယာခွက်ကြီးနှစ်ခွက်စာပါ. နည်းတဲ့ပမာဏလားနော်..

 

• မျိုချလိုက်တဲ့အခါတိုင်း အစာရေမျိုပြွန်ကနေတဆင့်  လှိုင်းလုံးကြီး အကုန်သယ်သွားသလို တဖြည်းဖြည်း ကျုံ့ချည်ဆန့်ချည်နဲ့ အစာလေးကို လုံးလို့ ဗိုက်ထဲသယ်သွားသတဲ့။

 

• အစာအိမ်ပြီးတော့ အူသိမ် ရှေ့ပိုင်း နဲ့ နောက်ပိုင်း ကို ဖြတ်သန်းပြီး အူမကြီးထဲကို ရောက်ပါသတဲ့့

 

• အထဲမှာ အစာခြေနေသမျှကို ဦးနှောက်ကတိုက်ရိုက် ထိန်းချုပ်နေပါတယ်။ စိတ်ပူစိတ်ညစ်တာတွေ အကုန် အစာခြေတဲ့အပေါ်သက်ရောက်နေတယ်နော်။ အေးဆေးဝါး စိတ်အေးချမ်းသာစား ကိုယ်စိတ်တိုနေရင် သူတို့ပါ အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးတဲ့။ 

Kremil-S 1

• အူသေးက ၂၂ ပေ အူမကြီးက ၅ ပေလောက်ရှည်သတဲ့။ မနာလိုရင် အူတိုသလား။ အူတိုတော့ စားသမျှ မြန်မြန်ပြန်ထွက်တာပေါ့။ 

 

• အီးပေါက်ရင် နံတာက ဗိုက်ထဲက အစာခြေ ဘက်တီးရီးယားနဲ့ပြင်ပလေနဲ ့တွေ့လို့တဲ့။ ကြိတ်ပေါက်လည်းနံမှာပဲ။ လေက အူထဲမှာလည်း ရှိပါတယ်။

 

• အစာအိမ်က လေးပေါင်ခန့်ထိ အစာဆန့်တယ်တဲ့။ ဟော့ပေါ့စားရင် အဝသာဆွဲတော့။နေရာကျယ်ပြီးသား။ ဖြည်းဖြည်းစား နည်းနည်းချင်းသွတ် တန်အောင်သာစားပါလေ။ 

 

• အူလမ်းကြောင်း လှချင်လား အေရိုးဗစ်ကစားတဲ့။ အူပုံစံလေးပါ ခါးသေးရင်ချီလာစေသတဲ့။

 

• မြန်မြန်စားရင် ကမန်းကတန်း စားရင် စားပြီး တဂေ့ဂေ့လေတက်စေသတဲ့။ အလှမပျက်ချင်ရင် ဖြည်းဖြည်းသက်သာစားပါလို့။ 

Kremil-S 2

• ဂတ်စ်ပါတဲ့ အချိုရည်တွေသောက်ပြီးတဲ့အခါ လေပွ တတ်တာ ဖြစ်တာ အစာအိမ်က အဲဒါတွေကြောင့် ခံရခက်နေရှာလို့တဲ့၊

 

• အစာရှိရှိ မရှိရှိ အစာအိမ်ကမြည်တာထုံးစံပဲတဲ့။ အထဲကဘာမှမရှိရင် ဂွီဂွီဂွမ်ဂွမ်အသံပိုထွက်လာတာပေါ့၊ မတီးဘဲမြည်ဆိုသလိုပေါ့နော်။

 

ကဲ အစာလမ်းကြောင်း အကြောင်းကို အစားတလိုင်း ကိုကို မမ တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ စားသလောက် မ၀ဘဲ လှလှပပ ရှိကြပါစေ။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)

 


 


 


 


 


 


 


 


 


 


 


 

