သွေးဆုံးခါနီးအမျိုးသမီးတို့အတွက် မဟော်မုန်း (အီစတိုဂျင်) များစေမယ့် အစားအသောက်များ
အမျိုးသမီးတွေဟာ သွေးဆုံးခါနီးဆိုရင် မဟော်မုန်း (အီစတိုဂျင်) နည်းလာတာ သဘာဝပါပဲ။ အီစတိုဂျင်နည်းလာတဲ့အခါမှာ ရာသီသွေးမမှန်တော့တာ၊ အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာတာ၊ လိင်စိတ်ဆန္ဒ နည်းလာတာ၊ အပူဒဏ်မခံနိုင်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ စိတ်အတက်အကျမြန်တာ၊ မိန်းမကိုယ်ခြောက်သွေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာတွေဟာ တစ်ချို့အမျိုးသမီးတွေအတွက်တော့ စိတ်ကသိကအောက်ဖြစ်ရုံ ဆိုပေမယ့် တစ်ချို့တွေအတွက်ကတော့ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးခါနီး အသက်အရွယ်ဖြစ်တဲ့ အသက် (၄၀) နဲ့အထက်ဆို လျော့နည်းလာတဲ့ အီစတိုဂျင်ကို ပြန်ဖြည့်တင်းပေးဖို့အတွက် သွေးတွင်းအီစတိုဂျင်ပမာဏကို များစေနိုင်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Menopace 1
အီစတိုဂျင် (Estrogen) ရရှိဖို့ဆို Phytoestrogen ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးသင့်ပါတယ်။ Phytoestrogen ဆိုတာ အပင်ထွက်အစားအစာတွေမှာပါဝင်တဲ့ အီစတိုဂျင်နဲ့ခပ်ဆင်ဆင် ဒြပ်ပေါင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Phytoestrogen ကြွယ်ဝတဲ့ အစားအသောက်တွေကတော့
● အသီးများ - ပန်းသီး၊ စပျစ်သီး၊ သစ်တော်သီး၊ ဆီးသီး
● အစေ့အဆံများ - ဘာလီ၊ အုတ်ဂျုံ၊ ဂျုံ
● အပင်ထွက်ပစ္စည်းများမှရရှိသော အရည်များ - လက်ဖက်ရည်ကြမ်း၊ ဝိုင်နီ၊ သံလွင်ဆီ
● အခွံမာသီးနှင့် အစေ့များ - ဗာဒံစေ့၊ မြေပဲ၊ နှမ်းကြတ်စေ့၊ နေကြာစေ့၊ နှမ်း
● ပဲပိစပ်ထုတ်ကုန်များ - တို့ဖူး၊ မီဆို၊ ပဲပိစပ်
● ဟင်းသီးဟင်းရွက်များ - ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်နီ၊ ဟင်းနုနွယ် စတာတွေပဲ ဖြစ်ပါတယ်။
Menopace 2
အခုဖော်ပြပေးခဲ့တဲ့ အီစတိုဂျင်ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း စားသောက်ပေးမယ်၊ အမျိုးသမီးကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေကိုလည်း မှီဝဲပေးမယ်ဆိုရင်တော့ သွေးဆုံးခါနီးအချိန်တွေကို စိတ်အနှောင့်အယှက်ကင်းစွာ ဖြတ်သန်းနိုင်မှာ အသေအချာပါပဲနော်။





























