/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်မှာ-ခံစားရလေ့ရှိတဲ့-လက္ခဏာများ

သွေးဆုံးချိန်မှာ ခံစားရလေ့ရှိတဲ့ လက္ခဏာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သွေးဆုံးချင်လာတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဒီလိုလက္ခဏာလေး တွေပြလာတယ်နော်။ 

 

• အရပ်ထဲတော့ သွေးကစားတယ်ဆိုကြတာပေါ့။ နှစ်လတခါမှ လာတတ်သလို တလလုံး တစက်စက်လည်း လာနေတတ်ပါတယ်။ သုံးလေးလလောက် ပျောက်ရင်လည်း ပျောက်သွားတတ်ရဲ့။ ပြန်လာတော့ အများကြီးလာပြန်ရော။

 

• အလိုလိုနေရင်းစိတ်ဓာတ်ကျတယ် ဒေါသထွက်မယ် အရင်လို သိပ်သည်းမခံတတ်တော့ဘူး။ ကိုယ်လုပ်သမျှကို စိတ်တိုင်းမကျဖြစ်နေသလို သူများနဲ့လည်း ရန်ပတ်ဖြစ်ရင်ဖြစ်နေတတ်သေးတာ။ ညအိပ်မပျော်ဘဲ မျက်လုံးကြောင်နေတတ်သေးတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာစပြောင်းလဲလာတာပါ။ အရင်ကနဲ့မတူတော့တဲ့ တခြားလူတယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်နော်။

• ညောင်းမယ် နုန်းမယ် ပင်ပန်းမယ် ဆေးခန်းမှာခဏခဏ အကြောဆေးထိုးချင်ကြတယ်လေ။ ညောင်းတာ အကြောတက်တာ ဘာညာပေါ့။ သွေးပေါင်ကလည်း အကောင်း အိပ်ရေးလည်းဝပါလျက် အစားလည်းမှန်ပါလျက်ဖြစ်နေတာဆိုတော့လည်း နားမလည်နိုင်စရာ၊ ဘာအကြောင်းမှမရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်တာ သွေးဆုံးလက္ခဏာတခုပါလို့။

 

• အသက်လေးရလာတာနဲ့ ဗိုက်လေးထွက်လာပြီ။ လက်မောင်းလေးတွေအစ်လာပြီ။ မျက်နှာလေးတွေပြည့်လာပြီ။ အီစရိုဂျင်ဟော်မုန်းလျော့နည်းလာတာကြောင့် ဗိုက်အဆီပိုထွက်လာတာတော့ကြုံနိုင်တာပေါ့။  အဆီရှောင် လေ့ကျင့်ခန်းလေးလုပ်ပေမယ့် တားမရဆီးမရ ဗိုက်ထွက်လာပါလိမ့်မယ်။ ဂျင်းဘောင်းဘီလေးတွေ ကျပ်လာမယ် ဝတ်နေကျ ထမီစကပ်လေးတွေမတော်တော့ဘူးလေ။

 

• မကြာခဏ မေ့တတ်လာပါတယ်။ ဟော်မုန်းပမာဏတွေ သိသိသာသာကျဆင်းလာတာကြောင့် မှတ်ညဏ်စတင်ယိုယွင်းလာပါတယ်။ ရေခဲသေတ္တာဖွင့်မယ့်အစား ကြောင်အိမ်မှားဖွင့်မယ်။ သော့ပျောက်လို့ပတ်ရှာရမယ်။ နာမည်တွေမေ့လာမယ်။ အစည်းအဝေးတွေသတိမရတော့ဘူး။ ဘာမှသိပ်ပြီးမှတ်မှတ်သားသားလုပ်မရတော့တာတွေကြုံနိုင်ပါတယ်။ ဒါပေမယ့် ဒါကသွေးမဆုံးခင်လေးမှာ ကြုံရတာခဏတာဖြစ်ပြီး သွေးဆုံးပြီးတာနဲ့ မိမိခန္ဓာကိုယ်ကပြန်လည်ထိန်းညှိလိုက်တာမို့ ယခင်လိုပြန်လည် အာရုံစူးစိုက်အားကောင်းလာစေမှာဖြစ်ပါတယ်နော်။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)

သှေးဆုံးခငြျလာတဲ့အခါ ခန်ဓာကိုယျနဲ့ စိတျပိုငျးဆိုငျရာမှာ ဒီလိုလက်ခဏာလေး တှပွေလာတယျနောျ။

 


 


 


 


 

