/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးခြင်းနှင့်ပတ်သက်သော-လူသိနည်းသည့်အချက်များ

သွေးဆုံးခြင်းနှင့်ပတ်သက်သော လူသိနည်းသည့်အချက်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

(၁) အရိုးပွစေနိုင်ခြင်း

အရိုးသိပ်သည်းဆ ကောင်းမွန်ဖို့အတွက် အီစတိုဂျင်ဟိုမုန်းက မရှိမဖြစ်အရေးကြီးပါတယ်။ သွေးဆုံးချိန် တွင် အီစတိုဂျင်နည်းပါးလာခြင်းကြောင့် အရိုးသိပ်သည်းဆနည်းပါးလာပြီး အရိုးပါးခြင်းနဲ့ အရိုးပွခြင်းကို ဖြစ်စေနိုင်တာဖြစ်ပါတယ်။

(၂) သွေးဆုံးကိုင်ဝေဒနာများဟာ အချိန်တိုအတွင်း သက်သာသွားမှာဖြစ်ပါတယ်

သွေးဆုံးချိန်ရောက်လာတာနဲ့အမျှ သွေးဆုံးကိုင်ဝေဒနာတွေကို တစ်သက်လုံးခံစားနေရတော့မယ်လို့ အ ထင်မှားကြပါတယ်။ တကယ်တော့ သွေးဆုံးပြီးချိန်ရောက်တာနဲ့ ထိုဝေဒနာများသက်သာသွားမှာပါ။

(၃)နှလုံးရောဂါဖြစ်နှုန်းမြင့်မားလာခြင်း

သွေးဆုံးချိန်သို့ရောက်သောအခါ အီစတိုဂျင်နည်းပါးလာခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ သွေးပေါင်ချိန် တက်လာခြင်းတို့ကြောင့် နှလုံးရောဂါဖြစ်နှုန်း မြင့်တက်လာစေနိုင်ပါတယ်။

(၄) မျက်နှာနီမြန်းခြင်းဟာ နှစ်နဲ့ချီကြာတတ်ပါတယ်

သွေးဆုံးချိန်နီးလာတာနဲ့အမျှ မျက်နှာနီမြန်းခြင်းကို ခြောက်လကနေ နှစ်နှစ်အထိ ကြုံတွေ့ရတတ်ပြီး တချို့ လူတွေမှာဆို ၁၀နှစ်ထိ ကြုံတွေ့နိုင်ပါတယ်။

Menopace 1

(၅) မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်

သွေးဆုံးချိန်မတိုင်မီကာလများတွင် ကြုံတွေ့ရသော ပြဿနာများအနက် သတိမေ့ခြင်း၊ အာရုံစူးစိုက်မရ ခြင်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့နော်။ စစ်တမ်းများအရ သွေးဆုံးချိန်ပြီးတဲ့ နောက်ပိုင်းမှာ ထိုမှတ်ဉာဏ်ပြဿနာတွေဟာ ပြန်လည်ကောင်းမွန်နိုင်တယ်လို့ သိရပါတယ်။

(၆) ကင်ဆာကီမိုဆေးများနဲ့ ဓာတ်ကင်ခြင်းတို့ကြောင့် သွေးဆုံးစေနိုင်တယ်

လူတိုင်းမှာမဖြစ်နိုင်ပေမယ့် ကင်ဆာကီမိုဆေးသွင်းခြင်းနဲ့ ဓာတ်ကင်ခြင်းပြီးသည့် နောက်ပိုင်းတွင် သွေးဆုံးခြင်းကို ဖြစ်စေနိုင်တယ်လို့သိရပါတယ်။

(၇) ဆေးလိပ်သောက်ခြင်းနဲ့ ခွဲစိတ်ခြင်းတို့ကြောင့်လည်း အချိန်မတိုင်မီ သွေးဆုံးစေနိုင်ပါတယ်

လေ့လာချက်တစ်ခုအရ ဆေးလိပ်အလွန်အကျွံသောက်သော အမျိူးသမီးများဟာ မသောက်သူများထက် ၁နှစ် သို့မဟုတ် ၂နှစ်ခန့် သွေးဆုံးချိန်စောနိုင်တယ်လို့ ဆိုပါတယ်။

(၈) ယောဂကစားခြင်းဖြင့် မျက်နှာနီမြန်းတာ သက်သာစေပါတယ်

ယောဂကစားခြင်း သို့မဟုတ် တရားထိုင်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် မျက်နှာနီမြန်းခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Menopace 2

(Zawgyi) 

(၁) အ႐ိုးပြေစႏိုင္ျခင္း

အ႐ုိးသိပ္သည္းဆ ေကာင္းမြန္ဖို႕အတြက္ အီစတိုဂ်င္ဟိုမုန္းက မရွိမျဖစ္အေရးႀကီးပါတယ္။ ေသြးဆံုးခ်ိန္ တြင္ အီစတိုဂ်င္နည္းပါးလာျခင္းေျကာင့္ အ႐ိုးသိပ္သည္းဆနည္းပါးလာၿပီး အ႐ိုးပါးျခင္းနဲ႔ အ႐ိုးပြျခင္းကို ျဖစ္ေစႏိုင္တာျဖစ္ပါတယ္။

(၂) ေသြးဆံုးကိုင္ေ၀ဒနာမ်ားဟာ အခ်ိန္တိုအတြင္း သက္သာသြားမွာျဖစ္ပါတယ္

ေသြးဆံုးခ်ိန္ေရာက္လာတာနဲ႔အမွ် ေသြးဆံုးကိုင္ေ၀ဒနာေတြကို တစ္သက္လံုးခံစားေနရေတာ့မယ္လုိ႔ အ ထင္မွားၾကပါတယ္။ တကယ္ေတာ့ ေသြးဆံုးၿပီးခ်ိန္ေရာက္တာနဲ႔ ထုိေ၀ဒနာမ်ားသက္သာသြားမွာပါ။

(၃)နွလံုးေရာဂါျဖစ္ႏႈန္းျမင့္မားလာျခင္း

ေသြးဆံုးခ်ိန္သို႔ေရာက္ေသာအခါ အီစတိုဂ်င္နည္းပါးလာျခင္း၊ ကိုယ္အေလးခ်ိန္တိုးလာျခင္းနဲ႔ ေသြးေပါင္ခ်ိန္ တက္လာျခင္းတို႔ေၾကာင့္ ႏွလံုးေရာဂါျဖစ္ႏႈန္း ျမင့္တက္လာေစနိုင္ပါတယ္။

(၄) မ်က္နွာနီျမန္းျခင္းဟာ ႏွစ္နဲ႔ခ်ိီၾကာတတ္ပါတယ္

ေသြးဆံုးခ်ိန္နီးလာတာနဲ႔အမ်ွ မ်က္ႏွာနီျမန္းျခင္းကို ေျခာက္လကေန ႏွစ္ႏွစ္အထိ ႀကံဳေတြ႕ရတတ္ၿပီး တခ်ဳိ႕ လူေတြမွာဆို ၁၀နွစ္ထိ ႀကံဳေတြ႕ႏို္င္ပါတယ္။

(၅) မွတ္ဥာဏ္ဆိုင္ရာ ျပႆနာမ်ား ျပန္လည္ေကာင္းမြန္လာႏိုင္ပါတယ္

ေသြးဆံုးခ်ိန္မတိုင္မီကာလမ်ားတြင္ ႀကံဳေတြ႕ရေသာ ျပႆနာမ်ားအနက္ သတိေမ့ျခင္း၊ အာ႐ံုစူးစိုက္မရ ျခင္းတို႔လည္း အပါအ၀င္ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႔ေနာ္။ စစ္တမ္းမ်ားအရ ေသြးဆံုးခ်ိန္ၿပီးတဲ့ ေနာက္ပိုင္းမွာ ထိုမွတ္ဥာဏ္ျပႆနာေတြဟာ ျပန္လည္ေကာင္းမြန္ႏိုင္တယ္လုိ႔ သိရပါတယ္။

(၆) ကင္ဆာကီမိုေဆးမ်ားနဲ႔ ဓာတ္ကင္ျခင္းတုိ႔ေၾကာင့္ ေသြးဆံုးေစႏိုင္တယ္

လူတိုင္းမွာမျဖစ္ႏိုင္ေပမယ့္ ကင္ဆာကီမိုေဆးသြင္းျခင္းနဲ႔ ဓာတ္ကင္ျခင္းၿပီးသည့္ ေနာက္ပိုင္းတြင္ ေသြးဆံုးျခင္းကို ျဖစ္ေစႏုိင္တယ္လို႕သိရပါတယ္။

(၇) ေဆးလိပ္ေသာက္ျခင္းနဲ႕ ခြဲစိတ္ျခင္းတို႔ေၾကာင့္လည္း အခ်ိန္မတိုင္မီ ေသြးဆံုးေစႏုိင္ပါတယ္

ေလ့လာခ်က္တစ္ခုအရ ေဆးလိပ္အလြန္အကြ်ံေသာက္ေသာ အမ်ိဴးသမီးမ်ားဟာ မေသာက္သူမ်ားထက္ ၁ႏွစ္ သို႔မဟုတ္ ၂ႏွစ္ခန္႔ ေသြးဆံုးခ်ိန္ေစာႏိုင္တယ္လို႔ ဆိုပါတယ္။

(၈) ေယာဂကစားျခင္းျဖင့္ မ်က္ႏွာနီျမန္းတာ သက္သာေစပါတယ္

ေယာဂကစားျခင္း သို႔မဟုတ္ တရားထိုင္ျခင္းတုိ႔ကို ျပဳလုပ္ျခင္းျဖင့္ မ်က္ႏွာနီျမန္းျခင္းကို သက္သာေစမွာ ျဖစ္ပါတယ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)