အမျိုးသမီးတွေအတွက် ကိုယ်ပိုင်အချိန်ပိုင်ဆိုင်နိုင်ဖို့
အခုခေတ် အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အလုပ်တာဝန်တွေ၊ စဉ်ဆက်မပြတ် ပညာသင်ယူတာတွေ၊ မိသားစုတာဝန်တွေကို ဇယ်ဆက်သလိုလုပ်နေရတဲ့အခါ ကိုယ့်ကိုယ်ကိုအချိန်မပေးနိုင်တော့ပါဘူး။ ဒီတော့ စိတ်ဖိစီးတွေ စုပုံလာတော့တာပေါ့။ စိတ်ဖိစီးမှုဆိုတာ အင်မတန်ဆိုးတဲ့ အသံတိတ်လူသတ်သမားပါ။ ပေါ့ပေါ့ဆဆမေ့လျော့ထားလို့မဖြစ်ပါဘူး။ ဒါ့ကြောင့် မိသားစုကိုပြုစုစောင့်ရှောက်သလိုပဲ ကိုယ့်ကိုယ်ကိုလည်း ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။
ဒါပေမယ့် အမျိုးသမီးအများစုဟာ ဆင်ခြေအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုအချိန်ပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ဒီလိုအမျိုးသမီးတွေကို စိတ်ဖိစီးမှုပြေလျော့ဖို့ ဘယ်လောက်အရေးကြီးတယ်၊ ဘာတွေလုပ်ပေးသင့်သလဲဆိုတာ ခုပြောပြပေးမယ်နော်။
1. မနက်ခင်းတွေမှာတရားထိုင်ပါ။
မနက်စောစောထထ၊ နောက်ကျမှထထ မီးဖိုချောင်ထဲမဝက်ခင် မိနစ်အနည်းငယ်မျှအချိန်ယူပြီး ငြိမ်ငြိမ်သက်သက်တရားထိုင်ပါ။ မျက်လုံးလေးကိုမှိတ်၊ ဘုရားစာရွတ်တာပဲဖြစ်ဖြစ်၊ သီချင်းကိုအာရုံစူးစိုက်နားထောင်တာပဲဖြစ်ဖြစ်၊ တစ်ခုခုကိုစူးစိုက်တွေးတောတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် စိတ်အခြေအနေအနည်းဆုံးတစ်ဝက်လောက်တော့ ပြန်တက်လာပြီးတော့ ငူငူငိုင်ငိုင်မဖြစ်တော့ပေါ့။
2. မနက်ခင်းလမ်းလျောက်ပေးပါ။
မနက်ခင်းတွေမှာ အချိန်ပေးရတာမလွယ်ဘူးဆိုတာတော့ သိပါတယ်။ ဒါပေမယ့် ၁ဝမိနစ်လောက်ပဲအချိန်ပေးပြီး အနီးအနားကပန်းခြံကိုလမ်းလျောက်သွားပါ။ ကိုယ့်ကိုယ်ကိုအချိန်ပေးဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်နော်။ ကိုယ့်ကိုယ်ကိုချစ်လေလေ တစ်ခြားလူတွေကိုပိုချစ်လာနိုင်လေလေပါပဲ။ ကိုယ့်ကိုယ်ကိုလျစ်လျူရှူထားသူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုလှောင်ပိတ်ထားတာနဲ့တူပါတယ်။
3. မနက်စာကိုအချိန်မှန်စားပါ။
ချက်တာပြုတ်တာ၊ အလုပ်သွားဖို့ပြင်တာဆင်တာက နောက်မှအသာထားပါ။ မနက်စာကိုအရင်ဆုံးစားပါ။ အချိန်မရှိရင်တောင် မနက်စာများများပြားပြားမဟုတ်ဘဲ ပန်းသီးလေးတစ်လုံးလောက်ဖြစ်ဖြစ်တော့ စားပေးပါ။ အသီးတွေဟာ ဇီဝကမ္မဖြစ်စဉ်အတွက် အလွန်ကောင်းပြီး လုပ်ရင်းကိုင်ရင်းလည်း စားလို့လည်းရပါတယ်။
4. သီချင်းနားထောင်ပါ။
သီချင်းဆိုရတာကြိုက်ပေမယ့် သီချင်းလေးညည်းဖို့တောင် အချိန်မရဘူးလား။ ရေချိုးရင်း၊ ကားမောင်းရင်း၊ လှေကားတက်ရင်း သီချင်းလေးညည်းလို့ရပါတယ်။ အလုပ်လေးလုပ်ရင်းဖြစ်ဖြစ်၊ အိမ်မှာမနက်အိပ်ရာနိုးနိုးချင်းပဲဖြစ်ဖြစ် သီချင်းလေးနားထောင်ပေးပေါ့။ မီးဖိုချောင်မှာချက်ရင်းပြုတ်ရင်း ရေဒီယိုလေးနားထောင်နေလည်း ဖြစ်တာပဲ။ သီချင်းဆိုတာ စိတ်ဖိစီးမှုကို တော်တော်ဖြေဖျောက်ပေးနိုင်စွမ်းရှိပါတယ်။
5. တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
ကိုယ်ကျန်းမာနေမှ စိတ်လည်းချမ်းသာမှာပါ။ မိမိကျန်းမာရေးကိုစောင့်ရှောက်ဖို့ အခြေခံအကျဆုံးအရာတွေထဲမှာ တစ်ကိုယ်ရည် သန့်ရှင်းရေးက ထိပ်ဆုံးက ပါဝင်ပါတယ်။ ရေမှန်မှန်ချိုး၊ လက်သည်းခြေသည်းမှန်မှန်ညှပ်တာတွေအပြင် ကိုယ့်ရဲ့ မိန်းမကိုယ်ကျန်းမာရေးကိုပါ အာရုံစိုက်ဖို့လိုပါတယ်။ pH Care လို မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို အသုံးပြုပေးခြင်းဖြင့် မိန်းမကိုယ်ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဘတ်တီးရီးယားပိုးမွှားများဝင်ရောက်ခြင်းတို့မှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
pH Care 1

6. ကိုယ်ကြိုက်တာကိုယ်လုပ်ပါ။
ကိုယ်တစ်ကယ်လုပ်ချင်တာကိုလုပ်ဖို့ သတ်သတ်အချိန်ပေးပါ။ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်တာမျိုး၊ ကိုယ်အကြိုက်ဆုံးဝတ္ထုစာအုပ်ဖတ်တာမျိုး၊ အလုပ်အပြီးမှာ ယောဂသင်တန်း၊ အကသင်တန်းတွေတက်တာမျိုး၊ တနင်္ဂနွေနေ့တွေမှာရေကူး၊ ကြက်တောင်ရိုက်၊ အားကစားလုပ်တာမျိုး၊ ပုံဆွဲတာ၊ လက်မှုပညာသင်တာ၊ မုန့်ဖုတ်သင်တန်းတက်တာ၊ ဈေးဝယ်ထွက်တာစသဖြင့် ကိုယ်ကြိုက်တာတစ်ခုခုလုပ်ပေးပါ။ ဝါသနာတစ်ခုခုလုပ်ဖြစ်နေမှ ကိုယ့်ကိုယ်ကိုအမြဲကျေနပ်နေမှာပါ။
7. လှေကားနဲ့တက်ပါ။
Gymမှာသွားဆော့ဖို့ဆိုတာ အလုပ်လုပ်နေတဲ့အိမ်ထောင်ရှင်မေမေတို့အတွက် အဝေးကြီးမှာပါ။ ဒီတော့ ဓာတ်လှေကားနဲ့မတက်ဘဲ လှေကားနဲ့တက်တာက အကောင်းဆုံးအစားထိုးလေ့ကျင့်ခန်းပေါ့။ ကျန်းမာလှပစေရုံတင်မက စိတ်ခံစားချက်ကိုလည်း တိုးစေပါတယ်။
8. အလှပြင်ပါ။
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုအလှပြင်ပေးဖို့လိုပါတယ်။ အလှပြင်ဆိုင်၊ spa၊ အနှိပ်ပညာရှင်တွေဆီသွားပေးပါ။ အသားအရည်ကိုဂရုစိုက်ဖို့ အင်မတန်အရေးကြီးပါတယ်။ ငွေရေးကြေးရေးကို စိတ်ပူတယ်ဆိုရင်လည်း အိမ်မှာတင်လုပ်လို့ရတဲ့ အိမ်တွင်းနည်းလမ်းကောင်းလေးတွေလည်း ရှိတယ်ပဲလေ။
9. ကမ္ဘာကြီးနဲ့အဆက်ဖြတ်ပါ။
အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေက မေမေတို့ကိုကိုယ်ပိုင်အချိန်ပေးနိုင်ပေမယ့် ဒီအချိန်မှာ အရာအားလုံးနဲ့အဆက်ဖြတ်ထားဖို့လိုပါတယ်။ ဒီအချိန်မှာ ဖုန်းတွေ၊ အိမ်အလုပ်တွေ၊ ယောက်ျားနဲ့စကားပြောတာ၊ ကလေးကိစ္စတွေ စသဖြင့် စိတ်ရှုပ်စရာတွေကို ဝေးဝေးမှာထားပါ။
10. ကိုယ်ပိုင်အချိန်ကိုလူတိုင်းကိုပြောပြထားပါ။
ကိုယ်ပိုင်အချိန်ပေးဖို့စီစဉ်ပြီးရင် လူတိုင်းကိုအသိပေးဖို့လိုပါတယ်။ အသိပေးရင်လည်း တိတိကျကျပေးပါ။ တနင်္ဂနွေနေ့မှာ နေ့လည် ၂ နာရီကနေ ၅ နာရီအထိ ၃ နာရီအတွင်း မနှောင့်ယှက်ပါနဲ့စသဖြင့်ပေါ့။ အိမ်မှာလုပ်လို့အဆင်မပြေဘူးဆိုရင် သူငယ်ချင်းအိမ်၊ အမေ့အိမ် စသဖြင့်တစ်ယောက်ယောက်အိမ်မှာ သွားခိုပါ။ အဓိကက ဒီအချိန်အတွင်း အေးအေးဆေးဆေးနေရဖို့ပါ။
11. ပြုံးပါ။
စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ အဓိကက ပြုံးပါ။ စိတ်ညစ်စရာတွေယူလာတဲ့လူတွေနဲ့ ဝေးဝေးနေပါ။ ဟာသတွေတစ်ခါတစ်ခါပြောပေးပါ။
ကဲဒါကတော့အိမ်ရှင်မတွေအတွက် စိတ်ဖိစီးမှုကိုဖြေလျော့နိုင်မယ့် နည်းလမ်းကောင်းလေးတွေပါပဲနော်။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုချစ်ပါ။ ဒါမှကိုယ့်မိသားစုကိုလည်း အကောင်းဆုံးစောင့်ရှောက်နိုင်မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
pH Care 2

အခုေခတ္ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြဟာ အလုပ္တာ၀န္ေတြ၊ စဥ္ဆက္မျပတ္ ပညာသင္ယူတာေတြ၊ မိသားစုတာ၀န္ေတြကို ဇယ္ဆက္သလိုလုပ္ေနရတဲ့အခါ ကိုယ့္ကိုယ္ကိုအခ်ိန္မေပးႏိုင္ေတာ့ပါဘူး။ ဒီေတာ့ စိတ္ဖိစီးေတြ စုပုံလာေတာ့တာေပါ့။ စိတ္ဖိစီးမႈဆိုတာ အင္မတန္ဆိုးတဲ့ အသံတိတ္လူသတ္သမားပါ။ ေပါ့ေပါ့ဆဆေမ့ေလ်ာ့ထားလို႔မျဖစ္ပါဘူး။ ဒါ့ေၾကာင့္ မိသားစုကိုျပဳစုေစာင့္ေရွာက္သလိုပဲ ကိုယ့္ကိုယ္ကိုလည္း ျပဳစုေစာင့္ေရွာက္ဖို႔လိုပါတယ္။
ဒါေပမယ့္ အမ်ိဳးသမီးအမ်ားစုဟာ ဆင္ေျခအမ်ိဳးမ်ိဳးနဲ႔ ကိုယ့္ကိုယ္ကိုအခ်ိန္ေပးဖို႔ကို ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ဒီလိုအမ်ိဳးသမီးေတြကို စိတ္ဖိစီးမႈေျပေလ်ာ့ဖို႔ ဘယ္ေလာက္အေရးႀကီးတယ္၊ ဘာေတြလုပ္ေပးသင့္သလဲဆိုတာ ခုေျပာျပေပးမယ္ေနာ္။
1. မနက္ခင္းေတြမွာတရားထိုင္ပါ။
မနက္ေစာေစာထထ၊ ေနာက္က်မွထထ မီးဖိုေခ်ာင္ထဲမဝက္ခင္ မိနစ္အနည္းငယ္မွ်အခ်ိန္ယူၿပီး ၿငိမ္ၿငိမ္သက္သက္တရားထိုင္ပါ။ မ်က္လုံးေလးကိုမွိတ္၊ ဘုရားစာ႐ြတ္တာပဲျဖစ္ျဖစ္၊ သီခ်င္းကိုအာ႐ုံစူးစိုက္နားေထာင္တာပဲျဖစ္ျဖစ္၊ တစ္ခုခုကိုစူးစိုက္ေတြးေတာတာပဲျဖစ္ျဖစ္ လုပ္ၾကည့္ပါ။ ဒီလိုလုပ္ေပးျခင္းျဖင့္ စိတ္အေျခအေနအနည္းဆုံးတစ္ဝက္ေလာက္ေတာ့ ျပန္တက္လာၿပီးေတာ့ ငူငူငိုင္ငိုင္မျဖစ္ေတာ့ေပါ့။
2. မနက္ခင္းလမ္းေလ်ာက္ေပးပါ။
မနက္ခင္းေတြမွာ အခ်ိန္ေပးရတာမလြယ္ဘူးဆိုတာေတာ့ သိပါတယ္။ ဒါေပမယ့္ ၁ဝမိနစ္ေလာက္ပဲအခ်ိန္ေပးၿပီး အနီးအနားကပန္းၿခံကိုလမ္းေလ်ာက္သြားပါ။ ကိုယ့္ကိုယ္ကိုအခ်ိန္ေပးဖို႔ဆိုတာ အင္မတန္အေရးႀကီးပါတယ္ေနာ္။ ကိုယ့္ကိုယ္ကိုခ်စ္ေလေလ တစ္ျခားလူေတြကိုပိုခ်စ္လာႏိုင္ေလေလပါပဲ။ ကိုယ့္ကိုယ္ကိုလ်စ္လ်ဴရႉထားသူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကိုေလွာင္ပိတ္ထားတာနဲ႔တူပါတယ္။
3. မနက္စာကိုအခ်ိန္မွန္စားပါ။
ခ်က္တာျပဳတ္တာ၊ အလုပ္သြားဖို႔ျပင္တာဆင္တာက ေနာက္မွအသာထားပါ။ မနက္စာကိုအရင္ဆုံးစားပါ။ အခ်ိန္မရွိရင္ေတာင္ မနက္စာမ်ားမ်ားျပားျပားမဟုတ္ဘဲ ပန္းသီးေလးတစ္လုံးေလာက္ျဖစ္ျဖစ္ေတာ့ စားေပးပါ။ အသီးေတြဟာ ဇီဝကမၼျဖစ္စဥ္အတြက္ အလြန္ေကာင္းၿပီး လုပ္ရင္းကိုင္ရင္းလည္း စားလို႔လည္းရပါတယ္။
4. သီခ်င္းနားေထာင္ပါ။
သီခ်င္းဆိုရတာႀကိဳက္ေပမယ့္ သီခ်င္းေလးညည္းဖို႔ေတာင္ အခ်ိန္မရဘူးလား။ ေရခ်ိဳးရင္း၊ ကားေမာင္းရင္း၊ ေလွကားတက္ရင္း သီခ်င္းေလးညည္းလို႔ရပါတယ္။ အလုပ္ေလးလုပ္ရင္းျဖစ္ျဖစ္၊ အိမ္မွာမနက္အိပ္ရာႏိုးႏိုးခ်င္းပဲျဖစ္ျဖစ္ သီခ်င္းေလးနားေထာင္ေပးေပါ့။ မီးဖိုေခ်ာင္မွာခ်က္ရင္းျပဳတ္ရင္း ေရဒီယိုေလးနားေထာင္ေနလည္း ျဖစ္တာပဲ။ သီခ်င္းဆိုတာ စိတ္ဖိစီးမႈကို ေတာ္ေတာ္ေျဖေဖ်ာက္ေပးႏိုင္စြမ္းရွိပါတယ္။
5. တစ္ကိုယ္ရည္သန္႔ရွင္းေရးကို ဂရုစိုက္ပါ။
ကိုယ္က်န္းမာေနမွ စိတ္လည္းခ်မ္းသာမွာပါ။ မိမိက်န္းမာေရးကိုေစာင့္ေရွာက္ဖို႔ အေျခခံအက်ဆံုးအရာေတြထဲမွာ တစ္ကို္ယ္ရည္ သန္႔ရွင္းေရးက ထိပ္ဆံုးက ပါ၀င္ပါတယ္။ ေရမွန္မွန္ခ်ိဳး၊ လက္သည္းေျခသည္းမွန္မွန္ညွပ္တာေတြအျပင္ ကိုယ့္ရဲ႕ မိန္းမကိုယ္က်န္းမာေရးကိုပါ အာ႐ံုစိုက္ဖို႔လိုပါတယ္။ pH Care လို မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြကို အသံုးျပဳေပးျခင္းျဖင့္ မိန္းမကိုယ္ယားယံျခင္း၊ အနံ႔ဆိုးထြက္ျခင္း၊ ဘတ္တီးရီးယားပိုးမႊားမ်ား၀င္ေရာက္ျခင္းတို႔မွ ကင္းေ၀းေစမွာ ျဖစ္ပါတယ္။
6. ကိုယ္ႀကိဳက္တာကိုယ္လုပ္ပါ။
ကိုယ္တစ္ကယ္လုပ္ခ်င္တာကိုလုပ္ဖို႔ သတ္သတ္အခ်ိန္ေပးပါ။ ေပါ့ေပါ့ပါးပါး႐ုပ္ရွင္ၾကည့္တာမ်ိဳး၊ ကိုယ္အႀကိဳက္ဆုံးဝတၳဳစာအုပ္ဖတ္တာမ်ိဳး၊ အလုပ္အၿပီးမွာ ေယာဂသင္တန္း၊ အကသင္တန္းေတြတက္တာမ်ိဳး၊ တနဂၤေႏြေန႔ေတြမွာေရကူး၊ ၾကက္ေတာင္႐ိုက္၊ အားကစားလုပ္တာမ်ိဳး၊ ပုံဆြဲတာ၊ လက္မႈပညာသင္တာ၊ မုန႔္ဖုတ္သင္တန္းတက္တာ၊ ေဈးဝယ္ထြက္တာစသျဖင့္ ကိုယ္ႀကိဳက္တာတစ္ခုခုလုပ္ေပးပါ။ ဝါသနာတစ္ခုခုလုပ္ျဖစ္ေနမွ ကိုယ့္ကိုယ္ကိုအၿမဲေက်နပ္ေနမွာပါ။
7. ေလွကားနဲ႔တက္ပါ။
Gymမွာသြားေဆာ့ဖို႔ဆိုတာ အလုပ္လုပ္ေနတဲ့အိမ္ေထာင္ရွင္ေမေမတို႔အတြက္ အေဝးႀကီးမွာပါ။ ဒီေတာ့ ဓာတ္ေလွကားနဲ႔မတက္ဘဲ ေလွကားနဲ႔တက္တာက အေကာင္းဆုံးအစားထိုးေလ့က်င့္ခန္းေပါ့။ က်န္းမာလွပေစ႐ုံတင္မက စိတ္ခံစားခ်က္ကိုလည္း တိုးေစပါတယ္။
8. အလွျပင္ပါ။
တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကိုအလွျပင္ေပးဖို႔လိုပါတယ္။ အလွျပင္ဆိုင္၊ spa၊ အႏွိပ္ပညာရွင္ေတြဆီသြားေပးပါ။ အသားအရည္ကိုဂ႐ုစိုက္ဖို႔ အင္မတန္အေရးႀကီးပါတယ္။ ေငြေရးေၾကးေရးကို စိတ္ပူတယ္ဆိုရင္လည္း အိမ္မွာတင္လုပ္လို႔ရတဲ့ အိမ္တြင္းနည္းလမ္းေကာင္းေလးေတြလည္း ရွိတယ္ပဲေလ။
9. ကမာၻႀကီးနဲ႔အဆက္ျဖတ္ပါ။
အေပၚမွာေျပာခဲ့တဲ့နည္းလမ္းေတြက ေမေမတို႔ကိုကိုယ္ပိုင္အခ်ိန္ေပးႏိုင္ေပမယ့္ ဒီအခ်ိန္မွာ အရာအားလုံးနဲ႔အဆက္ျဖတ္ထားဖို႔လိုပါတယ္။ ဒီအခ်ိန္မွာ ဖုန္းေတြ၊ အိမ္အလုပ္ေတြ၊ ေယာက္်ားနဲ႔စကားေျပာတာ၊ ကေလးကိစၥေတြ စသျဖင့္ စိတ္ရႈပ္စရာေတြကို ေဝးေဝးမွာထားပါ။
10. ကိုယ္ပိုင္အခ်ိန္ကိုလူတိုင္းကိုေျပာျပထားပါ။
ကိုယ္ပိုင္အခ်ိန္ေပးဖို႔စီစဥ္ၿပီးရင္ လူတိုင္းကိုအသိေပးဖို႔လိုပါတယ္။ အသိေပးရင္လည္း တိတိက်က်ေပးပါ။ တနဂၤေႏြေန႔မွာ ေန႔လည္ ၂ နာရီကေန ၅ နာရီအထိ ၃ နာရီအတြင္း မေႏွာင့္ယွက္ပါနဲ႔စသျဖင့္ေပါ့။ အိမ္မွာလုပ္လို႔အဆင္မေျပဘူးဆိုရင္ သူငယ္ခ်င္းအိမ္၊ အေမ့အိမ္ စသျဖင့္တစ္ေယာက္ေယာက္အိမ္မွာ သြားခိုပါ။ အဓိကက ဒီအခ်ိန္အတြင္း ေအးေအးေဆးေဆးေနရဖို႔ပါ။
11. ၿပဳံးပါ။
စိတ္ဖိစီးမႈေတြေျဖေဖ်ာက္ဖို႔ အဓိကက ၿပဳံးပါ။ စိတ္ညစ္စရာေတြယူလာတဲ့လူေတြနဲ႔ ေဝးေဝးေနပါ။ ဟာသေတြတစ္ခါတစ္ခါေျပာေပးပါ။
ကဲဒါကေတာ့အိမ္ရွင္မေတြအတြက္ စိတ္ဖိစီးမႈကိုေျဖေလ်ာ့ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြပါပဲေနာ္။ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ပါ။ ကိုယ့္ကိုယ္ကိုခ်စ္ပါ။ ဒါမွကိုယ့္မိသားစုကိုလည္း အေကာင္းဆုံးေစာင့္ေရွာက္ႏိုင္မွာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























