Asomex-AT
1. ဆေးအမည်
Asomex-AT
2. ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Amlodipine 2.5mg နှင့် Atenolol 50mg ပါ၀င်ပါသည်။
3. ကုသနိုင်သောရောဂါများ
သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းသောရောဂါ
4. အသုံးပြုပုံ
တစ်ခါသောက်တစ်လုံး တစ်နေ့တစ်ကြိမ်။
5. ဘေးထွက်ဆိုးကျိုး
သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးမတွေ့ရှိသေးပါ။
6. ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓာတ်မတည့်သူများ အသုံးမပြုရ။ နှလုံးကြွက်သားပုတ်ခြင်းခံစားနေရပြီး ကောင်းစွာ ကုသမှုမခံယူရသေးသော သူများ၊ နှလုံးညှစ်အားမကောင်းသောသူူများတွင် အသုံးမပြုရ။
အသက်ရှုလမ်းကြောင်းကျဉ်းသောေ၀ဒနာ (ဥပမာ-ပန်းနာရင်ကြပ်ရောဂါ)ရှိသူများတွင်အသုံးမပြုရ။
Digoxin ဆေးသုံးစွဲနေသူများတွင် သတိပြု၍သုံးစွဲရန်။ ကျောက်ကပ်မကောင်းသော သူများတွင် သတိပြု၍သုံးစွဲရန်။
ကလေးများတွင်အသုံးမပြုရ။
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ချိန်ဆ၍သုံးစွဲရန်။
7. အခြားဆေးများနှင့်ဓာတ်ပြုမှု
သွေးတိုးရောဂါတွင်သုံးသော Reserpine နှင့်တွဲသုံးပါက သွေးပေါင်ပိုကျနိုင်သဖြင့် သတိပြု၍ သုံးစွဲရန်။
8. ထုတ်လုပ်သည့်ကုမ္ပဏီ
Emcure
9. တင်သွင်းသည့်ကုမ္ပဏီ
Khetan