Cilzec / Cilzec plus
(1) ဆေးအမည်
Cilzec / Cilzec plus
(2) ပါ၀င်သောဆေးအမျိုးအစား
Telmisartan20/40/60 mg(Clizec), Telmisartan 40mg and hydroclorothiazide 12.5mg (ClizecPlus)
(3) ကုသနိုင်သောရောဂါများ
သွေးတိုးရောဂါ
(4) အသုံးပြုပုံ
Cilzec - လူနာအခြေအနေပေါ်မူတည်၍ 20 mg မှ 80 mg ထိ
Cilzec plus - တစ်နေ့တစ်ကြိမ်။Telmisartan ဖြင့် ထိန်းချုပ်၍မရသောသွေးတိုးရောဂါတွင်သုံးရန်။
(5) ဘေးထွက်ဆိုးကျိုး
ခါးကိုက်ခြင်း၊ ၀မ်းလျှောခြင်း၊ နှာခေါင်းတွင်းရှိအမြှေးပါးရောင်ရမ်းခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင် ကျခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်း၊ နုံးခြင်း၊ ဖောရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဂေါက်ရောဂါ၊ အချဉ်ပြန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ၀မ်းချုပ် ခြင်း၊ အဆစ်နာကျင်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ စိတ်ပူပန်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင် မှုန်ဝါးခြင်း၊ နားအူခြင်း၊ သွေးထဲတွင် သကြားဓာတ်၊ ယူရစ်အက်ဆစ်များခြင်း၊ ဂဏာမငြိမ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ Steven – Johnson Syndnone (ဆေးနှင့် ဓာတ်မတည့်ခြင်းကြောင့်ဖျားခြင်း၊ အရေကြည်ဖုပေါက်ခြင်း၊ အနာဖြစ်ခြင်းတို့ဖြစ်သောရောဂါလက္ခဏာစု)
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကလေးများတွင်အသုံးမပြုရ။
နို့တိုက်မိခင်များ၊ ကိုယ်၀န်ဆောင်ဒုတိယ 3 လကာလနှင့် တတိယ 3 လကာလ၊ ဓာတ်မတည့်သူများ၊ အသည်းရောဂါရှိသူ၊ သည်းခြေလမ်းကြောင်းပိတ်ဆို့ခြင်းဆိုင်ရာရောဂါရှိသူများTelmisartanအသုံးမပြုရ။
Hydrochlorothiazide ကို ကျောက်ကပ်ပေါ်ရှိ အက်ဒရီနယ်ဂလန်းမှ ဟော်မုန်းများ အထွက်နည်းသောရောဂါ (Addison's Disease)၊ ဂေါက်ရောဂါ၊ သွေးထဲတွင်ကယ်လဆီယမ်များသူများ၊ သွေးထဲတွင် ယူရစ်အက်ဆစ် (Uric Acid) များသူများ၊ ကျောက်ကပ်ဆိုးဆိုးဝါးဝါးပျက်စီးပြီး အလုပ်မလုပ်နိုင်သူများ၊ အသည်းမကောင်းသောသူများအသုံးမပြုရ။
သွေးထဲရှိအချိုဓာတ်ကိုများစေနိုင်သဖြင့် ဆီးချိုေ၀ဒနာရှင်များတွင် ဆီးချိုဆေးကို ချိန်ဆရန်။ ကျောက်ကပ် သွေးကြောကျဉ်းသောသူများတွင် သတိဖြင့်သုံးစွဲရန်။ ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် ငိုက်မျဉ်းနိုင်သဖြင့် ချိန်ဆ၍သုံးစွဲရန်။
ကျောက်ကပ်ရောဂါသည်များတွင်Creatinine Clearance 30 ml ထက်များပါက တစ်နေ့တစ်ကြိမ် အသုံးပြုနိုင်သည်။ အသည်းရောဂါရှိသူများတွင်Cilzec Plus ကိုသုံးစွဲပါကသတိဖြင့်သုံးစွဲရမည်။
(7)အခြားဆေးများနှင့်ဓာတ်ပြုမှု
စိတ်ရောဂါကုသဆေးLithium နှင့်တွဲသုံးပါက Lithium အဆိပ်သင့်မှုကို ဖြစ်စေနိုင်သဖြင့် တွဲမသုံးရ။
နှလုံးရောဂါကုသဆေးDigoxin, သွေးထိန်းဆေး (Ramipril) နှင့်တွဲသုံးပါက ၎င်းဆေးများ၏ အာနိသင်ကို တက်စေပါသည်။
အရက်၊ အိပ်ဆေးများ (barbituate)၊မူးယစ်ဆေးများနှင့်တွဲသုံးပါကသွေးပေါင်ပိုကျစေပါသည်။ ကြွက်သားများတောင့်တင်းမှုကိုလျော့ကျစေသောဆေး (eg. Tubocurarine နှင့် တွဲသုံးပါက ၎င်းဆေး၏ အာနိသင်ကိုကောင်းစေပါသည်။ အကိုက်အခဲပျောက်ဆေး (NSAIDS) နှင့်တွဲသုံးပါက Cilzec Plus ၏ အာနိသင်ကိုလျော့ကျစေပါသည်။
(8)ထုတ်လုပ်သည့်ကုမ္ပဏီ
Mega Lifesciences
(9) တင်သွင်းသည့်ကုမ္ပဏီ
Maxx Care





























