/
news/အသုံးများဆေးဝါးများ/clofen-plus

Clofen Plus

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Clofen plus

(1) ဆေးအမည်

        Clofen Plus

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် aceclofenac 100mg, chlorzoxazone 500mg နှင့် Acetaminophen 375mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        နာကျင်ရောင်ရမ်းကိုက်ခဲခြင်းအမျိုးမျိုး (ကိုယ်လက်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ သွားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ခွဲစိတ်ပြီးခါစတွင် နာကျင်နေခြင်း … စသည်)

 

(4) အသုံးပြုပုံ

        တနေ့ 2 ကြိမ်

 

(5) ဘေးထွက်ဆိုးကျိုး

        ကျောက်ကပ်ထိခိုက်ခြင်း၊ အသည်းပျက်စီးခြင်း၊ အစာအိမ်အနာဖြစ်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အရက်သောက်သောသူများသတိပြု၍သုံးစွဲရန်။

        နှလုံးညှစ်အားမကောင်းသူူများ၊ ဓါတ်မတည့်သူများ၊ အစာအိမ်အနာရှိသူများ၊ အစာအိမ်သွေးကြောပေါက်သူများ ကျောက်ကပ်ဆိုးရွားစွာပျက်စီးနေသူများ၊ အသည်းမကောင်းသောသူများ အသုံးပြုရန် မသင့်ပေ။ နို့တိုက်မိခင်များ၊ ကိုယ်၀န်ဆောင်များ ကလေးများအသုံးမပြုရ။

 

(7) အခြားဆေးများနှင့် ဓါတ်ပြုမှု

         Lithium, Digoxin, methotrexate နှင့် တွဲသုံးပါက ၎င်းဆေးဝါးများ၏ သွေးရည်ကြည်တွင်းရှိ ပမာဏကိုတက်စေပြီး၊ သွေးကျဲဆေး warfarin နှင့်တွဲသုံးပါက Warfarin ၏ အာနိသင်ကိုမြင့်တက်စေ ပါသည်။

         ဆီးဆေးများနှင့်တွဲသုံးပါကဆီးဆေးများ၏ အာနိသင်ကိုလျော့ကျစေသည်။

        Quinolone နှင့်တွဲသုံးပါကအတက်ရောဂါကိုပိုဆိုးစေပါသည်။

        အိပ်ဆေးများ (Barbituates, Carbamazepine, hydantoin)၊တီဘီရောဂါကုဆေး (Isoniazid, Rifampicin) ဆေးဝါးများကိုရှေရည်သောက်သောသူများတွင် အသည််းအဆိပ်သင့်ခြင်းပိုမိုဖြစ်နိုင်ပါသည်။

        အခြား NSAID အကိုက်အခဲပျောက်ဆေးများ၊  စတီးရွိုက်ဆေးများနှင့် တွဲဖက်သုံးစွဲပါက ဘေးထွက်ဆိုးကျိုး ပိုမိုများပြားနိုင်သည်။

        Cyclosporin ဆေးနှင့် တွဲဖက်သုံးစွဲပါက ကျောက်ကပ်ပျက်စီးနိုင်ခြေများပြားသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Zifam India/Zifam Pinnacle

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Pyrex

www.drmyanmar.com