/
news/အသုံးများဆေးဝါးများ/dazolic

Dazolic

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Dazolic

(1) ဆေးအမည်      

          Dazolic

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင် Ornidazole 500mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

        ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်စေသောအမီးဘားပိုးကူးစက်ခံရသောအခြေအနေများ၊ ဆီးလမ်းကြောင်း ပိုး၀င်ခြင်း၊ မိန်းမကိုယ်ပိုး၀င်ခြင်း။

 

(4) အသုံးပြုပုံ

        အမီဘားပိုးကူးစက်ခံရခြင်း

လူကြီး - 500mg တနေ့ 2 ကြိမ် 5 ရက်မှ 10 ရက်

ကလေး - ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 10-25mg နှုန်းနှင့်တွက်ပြီး ရလာသောဆေးပမာဏကို တစ်နေ့လျှင် 2 ကြိမ်ခွဲပြီး 5 ရက်မှ 10 ရက်ကြာအောင်ပေးရမည်။

ဆီးလမ်းကြောင်းပိုး၀င်ခြင်း - 500 mg ဆေးသုံးပြားကို တစ်ကြိမ်တည်းသောက်ရန် (သို့) တစ်နေ့နှစ်ပြားနှုန်းဖြင့် ငါးရက်သောက်ရန်။

မိန်းမကိုယ်ပိုး၀င်ခြင်း - 500 mg ဆေးသုံးပြားကို တစ်ကြိမ်တည်းသောက်ရန် (သို့) တစ်နေ့တစ်ပြားနှုန်းဖြင့် ငါးရက်သောက်ရန်။

 

(5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းချာချာလည်မူးခြင်း၊ အနီစက်ထွက်ခြင်း၊ သွေးဖြူ ဥနည်းသွားခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကြွက်သားလှုပ်ရှားမှုများပုံမှန်မဟုတ်ခြင်း ( Ataxia)၊ ခေါင်းချာချာလည်မူးခြင်း၊ စိတ်မကျန်းမာသူများတွင်  သတိပြု၍သုံးစွဲရန်၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် သတိပြု၍သုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမူ

          သွေးကျဲဆေးနှင့်တွဲဖက်သုံးစွဲပါက သွေးကျဲမှုအာနိသင်ပိုကောင်းစေသဖြင့် တွဲမသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

                  Sun Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

                   Sin Byu Gyun

www.drmyanmar.com