GABA
(1) ဆေးအမည်
GABA
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Gabapentin 100 mg (သို့) 300mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အာရုံကြောဆိုင်ရာရောဂါများကြောင့် နာကျင်ခြင်း၊ အတက်ရောဂါ။
(4) အသုံးပြုပုံ
လူကြီးနှင့်အသက် 12 နှစ်အထက်ကလေးများ - တနေ့လျှင် 900 mg မှ 1800 mg ၂ ကြိမ်မှ ၃ ကြိမ် ခွဲပြီးသောက်ရမည်။ တကြိမ်နှင့် တကြိမ် 12 နာရီခြားရန်။
အသက်ကြီးသူ (65နှစ်နှင့်အထက်) နှင့် ကျောက်ကပ် မကောင်းသောသူများ - ဆရာ၀န်ညွှန်ကြားချက် အတိုင်း သောက်သုံးရန်။
(5) ဘေးထွက်ဆိုးကျိုး
အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ လက်တုန်ခြင်း၊ နှစ်ထပ်မြင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အသက်ရှု လမ်းကြောင်းပိုး၀င်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ နုံးစေခြင်း၊ ဖောရောင်ခြင်း၊ အလေးချိန်တက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
12 နှစ်အောက်ကလေးများတွင် အသုံးမပြုရ။
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။
ဆေးသောက်သုံးခြင်းကို ရုတ်တရက်ဖြတ်တောက်ခြင်းမပြုရ။ ကားမောင်းနေသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် ချိန်ဆ၍သုံးစွဲရန်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
အစာအိမ်တွင်းရှိ အက်စစ်ကိုလျော့ချပေးသောဆေးဝါးများသည် GABA ၏ စွမ်းရည်ကို ၂၄ ရာခိုင်နှုန်းခန့်ကျဆင်းစေနိုင်သဖြင့် ၄င်းဆေးများသောက်သုံးပြီး 2 နာရီ ကြာမှ GABA ကို သောက်သုံးရန်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Nabiqasim
(9) တင်သွင်းသည့်ကုမ္ပဏီ
Sandar Myaing