Gabatin
(1) ဆေးအမည်
Gabatin
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Gabapentin 300mg (သို့) 400mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အတက်ရောဂါ
(4) အသုံးပြုပုံ
တနေ့လျှင် 900mg မှ 1800mg ပမာဏကို 3 ကြိမ်ခွဲပြီးပေးရမည်။ လူနာအခြေအနေပေါ် မူတည်ပြီး ဆေးဝါးပမာဏ ချိန်ဆရမည်။ (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်။
(5) ဘေးထွက်ဆိုးကျိုး
အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးခွေခြင်း၊ လက်တုန်ခြင်း၊ နှစ်ထပ်မြင်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အလေးချိန်တက်ခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ လည်ချောင်းနာခြင်း၊ ပန်းသေခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အခြားဆေးများနှင့် ဓါတ်ပြုမှု၊ အစာအိမ်တွင်းရှိ အက်စစ်လျော့ချသော ဆေးများနှင့်အတူ တွဲမသုံးရ။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
စိ်တ်ရောဂါရှိသူများ၊ Absence Seizure ရှိသော လူနာများတွင် အသုံးပြုရန်မသင့်ပေ။
အသက်ကြီးသောသူများ၊ ကျောက်ကပ်မကောင်းသောသူများ၊ ဆရာ၀န်ညွှန်ကြားသည့် အတိုင်း သာ သောက်သုံးရမည်။ ဆေးသောက်သုံးခြင်းကို ရုတ်တရက်ရပ်တန့်ခြင်းမပြုရ။ ကားမောင်းသောသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် ချိန်ဆ၍ အသုံးပြုရန်။ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(8) တင်သွင်းသည့်ကုမ္ပဏီ
Sin Byu Gyun