/
news/အသုံးများဆေးဝါးများ/imodium

Imodium

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Imodium

(1) ဆေးအမည်

          Imodium

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေး ၁ တောင့်တွင် Loperamide HCl 2 mg

 

(3) ကုသနိုင်သောရောဂါများ

        ရုတ်တရက်ဖြစ်သော (သို့) နာတာရှည်၀မ်းလျှောခြင်း၊ အူသိမ်နှောင်းပိုင်းတွင် အပေါက်ဖောက်ထားပြီး ၀မ်းသွားခြင်းကို ဗိုက်မှတဆင့် ပြုလုပ်ရသောလူနာများ။

 

(4) အသုံးပြုပုံ

ရုတ်တရက်ဖြစ်သော ၀မ်းလျှောခြင်း

                   တစ်ခါသောက် ၂ တောင့်၊ ထို့နောက် အရည်၀မ်းထပ်သွားပါက ၁ တောင့်၊ ထပ်သောက်ရပါ မယ်။ တစ်နေ့မှာ အများဆုံး ၈ တောင့်ထိ သောက်နိုင်ပါတယ်။

 

နာတာရှည်၀မ်းလျှောခြင်း

                   အစပိုင်းမှာ တစ်ခါသောက် 2 တောင့်နှင့် နေ့စဉ်သောက်သုံးသွားရပါမယ်။ တစ်နေ့မှာ ပုံမှန်၀မ်း ၁-၂ ကြိမ်လောက်သွားပြီဆိုရင်တော့ ထိန်းထားတဲ့အနေနဲ့ နေ့စဉ် ၁-၆ တောင့်ထိသောက် နိုင်ပါတယ်။ တစ်နေ့မှာ အများဆုံး ၈ တောင့်ထိ သောက်နိုင်ပါတယ်။ ၀မ်းပိတ်သွားတယ် ဆိုရင်တော့ ဆေးသောက်တာကို ရပ်သင့်ပါတယ်။

                   

(5) ဘေးထွက်ဆိုးကျိုး

          ၀မ်းပိတ်ခြင်း၊ ဦးနှောက်နှင့်အာရုံကြောစနစ်ထိခိုက်ခြင်း (ဥပမာ- ကြွက်သားများ တောင့်တင်းခြင်း၊ မျက်စိသူငယ်အိမ်အလွန်ကျဉ်းသွားခြင်း၊ ငိုက်မျဉ်းခြင်း၊ အသက်ရှုနှုန်း နှေးသွားခြင်း)

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ၀မ်းကိုက်ရောဂါ (သွေး၀မ်းသွားခြင်း၊ ကိုယ်ခန္ဓာအပူ ချိန်တက်ခြင်း)၊ အူမကြီးတွင် အနာဖြစ်ကာရောင်ရမ်းခြင်း၊ အသည်းအလွန်အမင်းပျက်စီးနေသော ရောဂါသည်များ၊ အသက် ၆ နှစ်အောက်ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများတွင် အသုံးမပြုရပါ။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

          Janssen – Cilag

 

(8) တင်သွင်းသည့်ကုမ္ပဏီ

          DKSH

www.drmyanmar.com