/
news/အသုံးများဆေးဝါးများ/irovel-irovel-h

Irovel / Irovel H

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Irovel or Irovel H

(1) ဆေးအမည်

      Irovel / Irovel H

 

(2) ပါ၀င်သောဆေးအမျိုးအစား

 Irovel ဆေးပြားတစ်ပြားတွင် Irbesartan 150 mg / 300 mg

          Irovel H ဆေးပြားတစ်ပြားတွင် Irbesartan 150mg နှင့် hydrochlorothiazide 12.5mg

 

(3) ကုသနိုင်သောရောဂါများ       

          သွေးတိုးရောဂါ

 

(4) အသုံးပြုပုံ        

          Irovel 150 mg တစ်နေ့တစ်ကြိမ်။ အခြေအနေပေါ်မူတည်ပြီး 300 mg ထိတိုး၍ သောက်နိုင်သည်။

          ဆီးဆေးသောက်နေသူများ၊ ကျောက်ကပ်ဆေးနေသူများတွင် အနည်းဆုံးပမာဏမှစ၍ ပေးရမည်။

          Irovel H - Irbesartan ဆေးဝါးတစ်မျိုးတည်းဖြင့် မသက်သာသောအခါတွင် သုံးသည်။ တစ်နေ့ 2 ပြား၊ ဆေးပြားတစ်ပြားမှ 2 ပြားထက်ပို၍မသုံးရ။

 

(5) ဘေးထွက်ဆိုးကျိုး

        ခါးကိုက်ခြင်း၊ ၀မ်းလျှောခြင်း၊ နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ရမ်းခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင် ကျခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်း၊ နုံးခြင်း၊ ခြေလက်ဖောရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဂေါက်ရောဂါ၊ စားချဥ့်ပြန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အဆစ်နာကျင်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ စိတ်ပူပန်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နားအူခြင်း၊ သွေးထဲတွင် သကြားဓာတ်၊ ယူရစ်အက်ဆစ်များခြင်း၊ ဂဏာမငြိမ်ခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်း၊ Steven – Johnson Syndrome (ဆေးဓာတ်မတည့်ခြင်းကြောင့် ဖျားခြင်း၊ ရေကြည်ဖုပေါက်ခြင်း၊ အနာဖြစ်ခြင်းတို့ဖြစ်သော ရောဂါလက္ခဏာစု)

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဤဆေးသုံးစွဲသောလူများတွင် ဆိုဒီယမ်၊ ကယ်လဆီယမ်နှင့် ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးရန်။

          ယူရစ်အက်ဆစ် (Uric  Acid) ကိုတက်စေနိုင်သဖြင့် ဂေါက်ရောဂါရှင်များ အသုံးမပြုရ။

          ကျောက်ကပ်မကောင်းသောသူများတွင် creatinine clearance 30 ml ထက်ကျော်ပါက အသုံးမပြုသင့်ပေ။

 

(7) အခြားဆေးများနှင့် ဓာတ်ပြုမှု

        စိတ်ငြိမ်ဆေး Lithium နှင့်တွဲမသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Sun Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Sin Byu Gyun

www.drmyanmar.com