/
news/အသုံးများဆေးဝါးများ/konimag

Konimag

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Konimag

(1) ဆေးအမည်

          Konimag  ( ဆေးပြား (သို့)  ပူရှိန်းအရသာဆေးရည်အထုပ် )

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေး ၁ ပြား (သို့) 7 ml ပါ ဆေးရည်တစ်ထုပ်တွင်

                   - Magnesium trisilicate 4.8 – 6.2 H2O 300 mg

                   - Dried Aluminium hydroxide gel 300 mg

                   - Activated dimethylpolysiloxane 25 mg

 

(3) ကုသနိုင်သောရောဂါများ

        ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ အစာအိမ်အနာဖြစ်ခြင်း။

 

(4) အသုံးပြုပုံ

          လူကြီး - တစ်ခေါက်သောက် ၁ - ၂ ပြား/ထုပ်၊ တစ်နေ့ သုံးကြိမ်မှလေးကြိမ်။

          ကလေး (၆-၁၂ နှစ်အတွင်း) - တစ်ခါသောက် ၁/၂ - ၁ ပြား / ထုပ်၊ တစ်နေ့ သုံးကြိမ်မှလေးကြိမ်။

 

(5) ဘေးထွက်ဆိုးကျိုး

          နှစ်ရှည်စွဲသောက်သောသူများတွင် လူအနည်းငယ်၌ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းဖြစ်ပေါ် တတ်သည်။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကျောက်ကပ်ပျက်စီးနေသူများ မသုံးရပါ။ ဆရာ၀န်ညွှန်ကြားချက်မရှိဘဲ ၂ ပတ်ထက်ပို၍ သောက်သုံးခြင်းမပြုရပါ။ ၆ နှစ်အောက်ကလေးများတွင် ဆရာ၀န် ညွှန်ကြားမှုမရှိဘဲ မသောက်ရပါ။ အစာအိမ်မှ အစာခြေရည်အထွက် နည်းသူများ သောက်သုံးရန်မသင့်ပါ။

         

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        ကလေးများတွင် ပဋိဇီ၀ဆေး Tetracycline နှင့်တွဲပေးရန်လိုအပ်ပါက ဆေးနှစ်မျိုးကြားတွင် အချိန် ၁-၂ နာရီခြားပြီး မှ သောက်သုံးပါ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        PT Konimex

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Maxxcare

www.drmyanmar.com