Motilium – M
(1) ဆေးအမည်
Motilium – M
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ ပြားတွင်Domperidone maleate 10 mgပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ပျို့အန်ခြင်း၊ အစာမကြေလေပွခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း။
(4) အသုံးပြုပုံ
တစ်ခါသောက် ၁-၂ ပြား၊ တစ်နေ့ ၃-၄ ကြိမ်နှုန်းဖြင့် အစာအိမ်လေနာပျောက်ဆေး၊ အစာအိမ်မှ အက်ဆစ်ထွက်မှုကိုလျှော့ချပေးသောဆေးများနှင့် တွဲဖက်သောက်သုံးနိုင်သည်။ အစာမစားမီ ၁၅-၃၀ မိနစ် ကြိုတင်၍သောက်ရမည်။
ရုတ်တရက်ဖြစ်ပွားသောပျို့အန်ခြင်းေ၀ဒနာကိုကုသရာတွင် တစ်ခါသောက် ၂ ပြား၊ တစ်နေ့ ၃-၄ ကြိမ်နှုန်းဖြင့်ပေးနိုင်သည်။ မသက်သာပါက ဆေးပမာဏကို နှစ်ဆတိုးပြီးပေးနိုင်သည်။
(5) ဘေးထွက်ဆိုးကျိုး
ခဏတာဗိုက်နာခြင်း၊ နို့ထွက်စေသောဟော်မုန်းများသွေးအတွင်းများလာခြင်း၊ နို့ရည်ထွက်ခြင်းတို့ အပြင်ဖြစ်ခဲသောဆိုးကျိုးတစ်ခုအနေနှင့်လှုပ်ရှားမှုကို ထိန်းချုပ်ပေးသောအာရုံကြောစနစ် ထိခိုက်ခြင်းဖြစ်နိုင်သည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကိုယ်၀န်ဆောင်များအား အမှန်တကယ်လိုအပ်သောအခြေအနေမျိုးမှသာ ဆရာ၀န်များမှညွှန်းသည်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
Anticholinergic ဆေးများနှင့် တွဲဖက်သုံးစွဲပါကMotilium-M ၏ အာနိသင်ကိုလျော့နည်းစေသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Janssen – Cilag
(9) တင်သွင်းသည့်ကုမ္ပဏီ
DKSH





























