Neopeptine
(1) ဆေးအမည်
Neopeptine
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့်တွင်
a- amylase 100 mg
Papain 100 mg
Simethicone 30 mg
Tribasic Calcium Phosphate
ကလေးအစက်ချဆေးရည် 1 ml တွင်
a- amylase 20 mg Methylparaben Gum acacia
Papain 10 mg Propylparaben Glycerin
Dill Oil 2 mg Sodium benzoate Sunset yellow
Anise Oil 2 mg Sodium hydroxide Calcium Chloride
Caraway Oil 2 mg Sodium Saccharin Hydrochloric acid
သောက်ဆေးရည် 5 ml တွင်
a- amylase 100 mg Propylene Glycol
Papain 50 mg Glycerin
Calcium Chloride Caramel
Methylparaben American Ice Cream Soda Flavour
Propylparaben Vanilla extra strong Flavour
Sodium benzoate Hydrochloric acid
Sodium Saccharin Sodium Hydroxide
Hyflosupecel
(3) ကုသနိုင်သောရောဂါများ
ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အစာစားပြီးနောက်ပိုင်း အချဉ်ဓာတ်နှင့်အတူအစာများပျို့အန်ခြင်း၊ ရင်ပူခြင်း၊ နိုစို့အရွယ် ကလေးများတွင် အန်ခြင်း၊ အစာခြေစနစ် မကောင်းသူများ၊ အာဟာရဓာတ်ချို့တဲ့သောကလေးငယ်များ၊
(4) အသုံးပြုပုံ
အစာစားပြီးမှသောက်ပါ။ ဆေးရည်ကိုရေအနည်းငယ်နှင့်ရော၍ သောက်နိုင်သည်။ ကလေးအစက်ချ ဆေးရည်ကိုကလေးကိုနို့တိုက်အပြီး (သို့) အစာကျေွးပြီးတိုက်နိုင်ပါတယ်။ သို့မဟုတ် သောက်ရေသန့်၊ နို့၊ အစားအစာများနှင့်လည်းရောပြီးတိုက်နိုင်သည်။
ဆေးတောင့်
တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၂ ကြိမ်
ဆေးရည်
လူကြီးတစ်ခါသောက် 5 ml ၊ တစ်နေ့ ၂ ကြိမ်
ကလေး
တစ်နှစ်အထက် - တစ်ခါသောက် 2.5 ml ၊ တစ်နေ့ ၂ ကြိမ်
တစ်နှစ်အောက် - တစ်ခါသောက် 0.5 ml ၊ တစ်နေ့ ၁ ကြိမ်
ကလေးအစက်ချဆေးရည်
အသက် တစ်နှစ်အထက် - တစ်ခါသောက် 0.5 ml ၊ တစ်နေ့ ၂-၃ ကြိမ်
အသက် တစ်နှစ်အောက် - တစ်ခါသောက် 0.5 ml ၊ တစ်နေ့ ၁ ကြိမ်
(5) ဘေးထွက်ဆိုးကျိုး
ဆေးတောင့်
အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာေ၀ဒနာများ။ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ပျို့ခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းလျှောခြင်း၊ သွေးနှင့်ဆီးအတွင်းယူရစ်အက်ဆစ် (Uric acid) ပမာဏအလွန်အမင်းများလာခြင်း၊
ဆေးရည်၊ ကလေးအစက်ချဆေးရည်
ဖြစ်ခဲသော်လည်း တစ်ချို့ကလေးငယ်များတွင် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ေ၀၀ဒနာများခံစားရ လေ့ရှိသည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ရုတ်တရက်သရက်ရွက်ရောင်ခြင်း၊ သရက်ရွက်တွင်ဖြစ်ပွားသောနာတာရှည်ရောဂါများ၊ ပါ၀င်သော ဆေးဝါးများနှင့် ဓာတ်မတည့်သူများမသောက်သုံးသင့်ပါ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
Neopeptine ဆေးတောင့်ကိုအစာအိမ်မှ အက်ဆစ်ထွက်နှုန်းကိုလျှော့ချပေးသော Antacid ဆေးများနှင့်တွဲဖက် သုံးစွဲပါက Neopeptine ၏ အာနိသင်ကျဆင်းစေနိုင်သည့်အတွက် တွဲဖက်မသုံးစွဲသင့်ပါ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Raptakos, Brett
(9) တင်သွင်းသည့်ကုမ္ပဏီ
KMT





























