/
news/အသုံးများဆေးဝါးများ/oleanz

Oleanz

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Oleanz

(1) ဆေးအမည်

        Oleanz

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင်Olanzapine 5mg (သို့) 10mg ပါ၀င်ပါသည်။ထိုးဆေးရည် 2ml ပါတပုလင်းတွင် Olanzapine10 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        Schizophrenia (စိတ်ကစဥ့်ကလျားရောဂါ)

 

(4) အသုံးပြုပုံ

        ကနဦးတနေ့လျှင် 10mg။ လူနာအခြေအနေပေါ်မူတည်ပြီးတနေ့လျှင် 20mg အများဆုံးပေးနိုင်သည်။ (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်သုံးရန်။

 

(5) ဘေးထွက်ဆိုးကျိုး

        နှလုံးခုန်နှုန်းမြန်ခြင်း၊ နှေးခြင်း၊ သွေးပေါင်ကျခြင်း၊ အိပ်ငိုက်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေလက်ဖောရောင်ခြင်း၊ သွေးပေါင်ကျခြင်း၊စိတ်ခံစားမှုပြောင်းလဲခြင်း၊ သွေးထဲရှိ အချိုဓါတ်ပမာဏမြင့်မားခြင်း။

 

 (6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        နို့တိုက်မိခင်များ၊ ဓါတ်မတည့်သူများ၊ ရေတိမ်ရောဂါရှိသူများ၊ အသက် 18 နှစ်အောက် ကလေးများတွင် အသုံးမပြုရ။ ဆီးကြိတ်ကြီးသူများ၊ ကိုယ်၀န်ဆောင်မိခင်များနှင့် အူအလုပ်မလုပ်သောသူများတွင် ဆရာ၀န် ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။ ကားမောင်းသောသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် ချိန်ဆ၍ အသုံးပြုရန်။

        အသည်းမကောင်းသောသူများနှင့်ကျောက်ကပ် မကောင်းသောသူများတွင် 5mg မှစ၍သောက်သုံးရမည်။ အသက် 60 အထက်လူကြီးများတွင် 2.5 mg မှစ၍သောက်ရမည်။

        ထိုးဆေးရည်ကိုအသားထိုးဆေးအဖြစ်သာအသုံးပြုရမည်ဖြစ်ပြီး၊ အများဆုံး 3 ရက်ထိသာအသုံးပြုရန်။

          သွေးပေါင်ကျနေသူများ၊ နှလုံးကြွက်သားပုတ်သူများ၊ နှလုံးခွဲစိတ်မှုပြုလုပ်ထားသူများတွင် ထိုးဆေးရည် အသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        Olanzapine ထိုးဆေးရည်ကိုBenzodiazepine ထိုးဆေးနှင့်အတူတပြိုင်နက်မသုံးရ။  

        Olanzapine နှင့် Lorazepamတွဲဖက်သုံးစွဲပါက မူးေ၀အိပ်ငိုက်နိုင်သည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Sun Pharma

       

(9) တင်သွင်းသည့်ကုမ္ပဏီ

          Sin ByuGyun

www.drmyanmar.com