Oxetol
(1) ဆေးအမည်
Oxetol
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင်Oxcarbazepine 150mg (သို့) 300mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အတက်ရောဂါတွင် Oxetol တမျိုးတည်းဖြစ်စေ၊ အခြားဆေးများနှင့်ဖြစ်စေအသုံးပြုနိုင်သည်။
(4) အသုံးပြုပုံ
လူကြီး - 300mg တနေ့ 2 ကြိမ်။ လူနာအခြေအနေပေါ်မူတည်ပြီးတနေ့လျှင် 1200mg ထိပေးနိုင်သည်။ အခြားဆေးများနှင့်တွဲသုံးပါကအစပိုင်းတွင် 300mg တနေ့ 2 ကြိမ်၊ တပတ်ကြာလျှင် 600mg တနေ့ 1 ကြိမ်။ နောက်တပတ်ကြာလျှင် 1200mg တနေ့ 2 ကြိမ်ခွဲပြီးပေးရမည်။ အခြားဆေးများ သောက်နေရင်းမှ Oxetol ပြောင်းသောက်လိုသော်အခြားဆေးများ၏ ပမာဏကိုလျော့ချပြီး 300mg တနေ့ 2 ကြိမ်သောက်ရမည်။ ထို့နောက်လူနာအခြေအနေပေါ်မူတည်ပြီးဆေးပမာဏ တိုးပြီးသောက်ရမည်။
အသက် 4 နှစ်မှ 16 နှစ်အရွယ်ကလေးများတွင်ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 8-10mg နှင့် တွက်ပြီးပေးရမည်။တနေ့လျှင် 600mgထက်မပိုစေရ။ (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းမူးခြင်း၊ နုံးခွေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လက်တုန်ခြင်း၊ အလေးချိန်တက်ခြင်၊ သွေးပေါင် ချိန်ကျခြင်း၊ ဓါတ်မတည့်ခြင်း၊ ခြေလက်ဖောရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ပြန်ရည်ကြောအကြိတ်များကြီးခြင်း၊ သွေးထဲတွင် ဆိုဒီယမ် ပမာဏ လျော့နည်းခြင်း၊ ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုး၀င်ခြင်း၊ ဆီးလမ်းကြောင်း ပိုး၀င်ခြင်း၊ မိန်းမကိုယ်ရောင်ရမ်းခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အသက် 2 နှစ်အောက်ကလေးများတွင်အသုံးမပြုရ။ အသည်း (သို့) နှလုံးမကောင်းသောသူများ၊ ကိုယ်၀န် ဆောင်နှင့်နို့တိုက်မိခင်များ၊ ကားမောင်းနှင်သူများ၊ စက်ကိုင်တွယ်သူများ ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။
ဆေးသောက်သုံးခြင်းကို ရုတ်တရက်ရပ်တန့်ခြင်းမပြုရ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
ဟော်မုန်းပါသောသနေ္ဓသားဆေးများနှင့်အတူတွဲသုံးပါက ၎င်းဆေးများ၏ အာနိသင်ကိုလျော့ကျစေပါ သည်။ စိတ်ရောဂါကုသဆေးLithium နှင့်တွဲသုံးပါကကျောက်ကပ်အဆိပ်သင့်ခြင်းကိုပိုဖြစ်စေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin ByuGyun