Pantocid / Pantocid DSR
(1) ဆေးအမည်
Pantocid / Pantocid DSR
(2) ပါ၀င်သောဆေးအမျိုးအစား
Pantocidဆေး ၁ ပြားတွင်
Pantoprazole 20 mg (သို့) 40 mg
Pantocid DSR ဆေး ၁ တောင့်တွင်
Pantoprazole 40 mg
Domperidone 30 mg
(3) ကုသနိုင်သောရောဂါများ
အူသိမ်ဦးပိုင်းအနာ၊ အစာအိမ်အနာ၊ စားချဥ့်ပြန်ရောဂါ။
(4) အသုံးပြုပုံ
ကြိတ်ခြေခြင်း၊ ဝါးစားခြင်းမပြုလုပ်ရ။ အစာမစားမီဆေး ၁ တောင့်လုံး(သို့) ဆေး ၁ ပြားလုံးသောက်ပါ။ တစ်ရက်လျှင် 40 mg (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ပါ။
(5) ဘေးထွက်ဆိုးကျိုး
Pantocid
အဖြစ်နည်းသော်လည်းခေါင်းကိုက်ခြင်း၊ ၀မ်းလျှောခြင်းများဖြစ်ပေါ်နိုင်သည်။
Pantocid DSR
အဖြစ်နည်းသော်လည်းခေါင်းကိုက်ခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းချုပ််ခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း၊ ယားယံခြင်းများဖြစ်ပေါ်နိုင်သည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
Pantocid DSR
အသည်းအလွန်အကျွံပျက်စီးနေသူများ ဆရာ၀န်၏ညွှန်ကြားမှုဖြင့််သာသောက်သုံးရမည်။ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ကင်ဆာရောဂါမရှိကြောင်းသေချာမှသာ Lanzet ကိုသုံးစွဲသင့်သည်။ အကယ်၍ ကင်ဆာရောဂါရှိနေပါက ဆေးသုံးစွဲပြီးရောဂါလက္ခဏာများ သက်သာသွားသည့်အခါ ကင်ဆာရှိကြောင်း သိရှိရန် အချိန်နောက်ကျသွားနိုင်သောကြောင့်ဖြစ်သည်။
ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးများ၊ ပါ၀င်သည့်ဆေးများနှင့် ဓာတ်မတည့်သူများ သောက်သုံးရန်မသင့်ပါ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
Pantocid
မှိုစွဲရောဂါ Ketoconazole နှင့်တွဲဖက်သုံးစွဲပါက Ketoconazole ကိုစုပ်ယူမှုနည်းသွားခြင်း (သို့) များသွားခြင်း ကြုံရနိုင်သည်။
Pantocid DSR
မှိုစွဲရောဂါ Ketoconazole နှင့်တွဲဖက်သုံးစွဲပါက Ketoconazole ကိုစုပ်ယူမှုနည်းသွားခြင်း (သို့) များသွားခြင်း ကြုံရနိုင်သည်။
Domperidone ပါ၀င်သောကြောင့် Pantocid DSR နှင့်တခြားဆေးများ တွဲဖက်သုံးစွဲပါက တခြားဆေးများကို ခန္ဓာကိုယ်ကစုပ်ယူမှုအားပိုကောင်းစေသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin ByuGyun