/
news/အသုံးများဆေးဝါးများ/prolomet-xl

Prolomet XL

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Prolomet XL

(1) ဆေးအမည်

        Prolomet XL

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင် metoprololSuccinate12.5mg/25mg/50mg/100mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

          သွေးတိုးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်သောရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်း (သို့) နှလုံးသွေးကြော မာကြောခြင်း ၏များကြောင့် နှလုံးထံသို့သွေးပေးပို့မှု နည်းလာကာ နှလုံးအောင့်ခြင်းရောဂါ၊ နှလုံးညှစ်အား မကောင်းသောရောဂါ။

 

(4) အသုံးပြုပုံ

          သွေးတိုးရောဂါ 25mg မှ 100mg တစ်နေ့တစ်ကြိမ်၊ တစ်နေ့လျှင် 400mg ထက် မကျော်ရ။

          ခေါင်းတစ်ခြမ်းကိုက်သောရောဂါ 100mg မှ 200mg တစ်နေ့တစ်ကြိမ် မနက်ခင်းတွင် သောက်ရမည်။

          နှလုံးသွေးကြောကျဉ်းခြင်းကြောင့် နှလုံးထံသို့သွေးပေးပို့မှု နည်းလာကာ နှလုံးအောင့်ခြင်းရောဂါ - 100mg တစ်နေ့တစ်ကြိမ်

          နှလုံးညှစ်အားမကောင်းသောရောဂါ 25mg တစ်နေ့တစ်ကြိမ်။ ရောဂါပိုမိုပြင်းထန်လျှင် 12.5mg တစ်နေ့ တစ်ကြိမ်မှစ၍ သုံးရမည်။ ၂ ပတ်ခြားပြီးဆေးပမာဏကိုတိုး၍ သောက်နိုင်သည်။ 200mg ထက် ပိုမသောက်ရ။

 

 (5) ဘေးထွက်ဆိုးကျိုး

          ခေါင်းမူးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ သွေးခုန်နှုန်းနှေးခြင်း၊ ရင်တုန်ခြင်း၊ ဖောခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူ မ၀ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ရင်ပူခြင်း၊ ယားယံခြင်း၊ နားအူခြင်း။

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓာတ်မတည့်သူများ၊ သွေးခုန်နှုန်းနှေးသူများ၊ သွေးပေါင်အလွန်ကျနေသူများ၊ ခြေလက် များရှိ သွေးလွှတ်ကြောဆိုင်ရာရောဂါရှိသူများ၊ နှလုံးကြွက်သားပုပ်သူများနှင့် ကလေးများတွင် အသုံးမပြုရ။

          နှလုံးအောင့်ခြင်းရောဂါပိုဆိုးလာပါကဆေးသုံးစွဲခြင်းကိုရပ်တန့်ရန်။

          သွေးထဲတွင် သကြားဓာတ်ကျခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၏ လက္ခဏာကိုဖုံးကွယ် နိုင်သောကြောင့် ဆီးချိုေ၀ဒနာရှင်များနှင့် သိုင်းရွိုက်ဟော်မုန်းများသူများတွင် သတိပြု၍သုံးစွဲရန်။ ခန္ဓာကိုယ်တွင် ပန်းရောင် အကွက်များပေါ်လာသည့် အရေပြားရောဂါ တစ်မျိုးဖြစ်သော(Psoriasis) ရောဂါရှိသူများတွင် သတိပြု၍ သုံးစွဲရန်။

          ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင်ချိန်ဆ၍သုံးစွဲရန် အသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

          စိတ်ကျရောဂါကုသဆေးTricyclic Antidepressants, အိပ်ဆေးBarbiturates, Reserpine နှင့်တွဲသုံးပါကသတိပြု၍ သုံးစွဲရန်။ နှလုံးရောဂါကုသဆေးVerapamil, Diltiazam နှင့် Digoxin ဆေးဝါးများနှင့်တွဲမသုံးရ။

          တီဘီဆေး Rifampicin နှင့်တွဲသုံးပါက metoprolol အာနိသင်ကိုလျော့ကျစေပြီး အစာအိမ်ရောဂါကုသဆေး cimetidine၊ အရက်နှင့်တွဲသုံးပါက metoprolol ၏ အာနိသင်ကို ကောင်းစေပါ သည်။

          ဆီးချိုဆေးများနှင့်တွဲသုံးပါကဆီးချိုဆေးများ၏ ပမာဏကိုချိန်ဆရန်။ Indomethacin အကိုက် အခဲပျောက်ဆေးနှင့်တွဲသုံးပါက metoprolol ၏သွေးပေါင်ထိန်းသည့်အာနိသင်ကို ကျစေနိုင်ပါသည်။ 

           

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

           Sun Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Sin ByuGyun

www.drmyanmar.com