/
news/အသုံးများဆေးဝါးများ/rablet-–-b

Rablet – B

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Rablet – B

(1) ဆေးအမည်

          Rablet – B

 

(2) ပါ၀င်သောဆေးအမျိုးအစား

          ဆေး ၁ တောင့်တွင်Rabeprazole Sodium 20 mg

 

(3) ကုသနိုင်သောရောဂါများ

        စားချဥ့်ပြန်ရောဂါကြောင့် အစာရေမျိုပြွန်တိုက်စားခံရခြင်း၊ အနာဖြစ်ခြင်း၊ ရင်ပူခြင်းစသည့်ေ၀ဒနာများ၊ အူသိမ်ဦးပိုင်းအနာ၊ အစာခြေရည်များအလွန်အမင်းထွက်ခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်းနှင့် ၀မ်းပျက် ၀မ်းလျှောဖြစ်ခြင်းစသည်တို့ စုပေါင်းနေသော Zollinger – Ellison ရောဂါစု၊ အစာအိမ်တွင် H.Pylori ရောဂါပိုး၀င်ခြင်း။

 

(4) အသုံးပြုပုံ

          စားချဥ့်ပြန်ရောဂါကြောင့် အစာရေမျိုပြွန်တိုက်စားခံရခြင်း၊ အနာဖြစ်ခြင်း၊ ရင်ပူခြင်းစသည့်ေ၀ဒနာများ၊ အူသိမ်ဦးပိုင်းအနာ - တစ်ခါသောက် ၁ လုံး၊ တစ်နေ့ ၁ ကြိမ်၊ ၄-၈ ပတ်ကြာအောင်သုံးစွဲရမည်။

        Zollinger – Ellison ရောဂါ -တစ်ရက်လျှင် 60 – 100 mg (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

 

(5) ဘေးထွက်ဆိုးကျိုး

          နုံးခြင်း၊ ပျို့ခြင်း၊ ၀မ်းပျက်ခြင်း၊ အရေပြားယားယံခြင်း၊ အနီကွက်ပေါ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အသည်းအင်ဇိုင်းများတက်ခြင်း၊ သွေးတွင်းယူရီးယားနှင့် နိုက်ထရိုဂျင်ဓာတ်ပမာဏများတက်ခြင်း၊

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ပါ၀င်သည့်ဆေးနှင့် ဓာတ်မတည့်သူများ၊ ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များ၊ အသက် (၁၂) နှစ်အောက်ကလေးများသောက်သုံးရန်မသင့်ပါ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

          Warfarin နှင့် တွဲသောက်ပါက ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်မှုများဖြစ်နိုင်၍ တွဲဖက်မသောက်သုံးသင့်ပါ။ မှိုပိုးသတ်ဆေး Ketoconazole နှင့်တွဲဖက်သုံးစွဲပါက  Ketoconazole ၏ဆေးအာနိသင် ကြာမြင့်ချိန် တိုတောင်းသွားသည်။

                  

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

         Inventia / Lupin

 

(9) တင်သွင်းသည့်ကုမ္ပဏီ

           Maxxcare

www.drmyanmar.com