Rablet – D
(1) ဆေးအမည်
Rablet – D
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့်တွင် Rabeprazole 20 mg နှင့် Domperidone 30 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
စားချဥ့်ပြန်ရောဂါ
(4) အသုံးပြုပုံ
အစာမစားမီ ၁၅-၃၀ မိနစ်ကြို၍ သောက်ပါ။ ကြိတ်ခြေခြင်း၊ ဝါးစားခြင်းမပြုလုပ်ရ။ တစ်ခါသောက် ၁ လုံး၊ တစ်နေ့ ၁ ကြိမ်၊ ၄-၈ ပတ်ကြာအောင်သုံးစွဲရမည်။
(5) ဘေးထွက်ဆိုးကျိုး
နုံးခြင်း၊ ပျို့ခြင်း၊ ၀မ်းပျက်ခြင်း၊ အရေပြားယားယံခြင်း၊ အနီကွက်ပေါ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသည်းအင်ဇိုင်းများတက်ခြင်း၊ သွေးတွင်းယူရီးယားနှင့် နိုက်ထရိုဂျင်ဓာတ်ပမာဏများတက်ခြင်း၊
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ပါ၀င်သောဆေးများနှင့် ဓာတ်မတည့်သူများ၊ ကိုယ်၀န်ဆောင်များ၊ ကလေးများ၊ နို့တိုက်မိခင် များ သောက်သုံးရန်မသင့်ပါ။ ထို့အပြင် ဦးနှောက််အတွင်းရှိပစ်ကျူ ထရီဂလင်းတွင် အကျိတ်ဖြစ်နေ သဖြင့် နို့ထွက်ဟော်မုန်းအထွက်များခြင်း (Prolactinoma)၊ အသည်းအလွန်အမင်း ပျက်စီးနေသော အခြေအနေများနှင့် အစာအိမ်နှင့် အူလမ်းကြောင်းတလျှောက်တွင် သွေးယိုခြင်း၊ ပိတ်ဆို့ခြင်း၊ အနာဖြစ်ခြင်း စသော အနေအထားမျိုးတွင်လည်း အသုံးမပြုရပါ။
သက်ကြီးရွယ်အိုများ ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်သုံးပါ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
Rabeprazoleကို Warfarin နှင့် တွဲသောက်ပါက ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်မှုများဖြစ်နိုင်၍ တွဲဖက်မသောက်သုံးသင့်ပါ။ မှိုပိုးသတ်ဆေးKetoconazole နှင့်တွဲဖက်သုံးစွဲပါက Ketoconazole ၏ဆေးအာနိသင် ကြာမြင့်ချိန်တိုတောင်းသွားသည်။
Demperidoneကိုမှိုပိုးသတ်ဆေး Ketoconazole၊ ပဋိဇီ၀ပိုးသတ်ဆေး Erythromycin၊ AIDS ရောဂါတွင်သုံးစွဲသော Ritonavir သည့်ဆေးများနှင့်တွဲဖက်သုံးစွဲပါက Demperidone ၏ ဆေးအာနိသင် ကြာမြင့်ချိန်ပိုရှည်သွားသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Inventia / Lupin
(9) တင်သွင်းသည့်ကုမ္ပဏီ
Maxxcare