/
news/အသုံးများဆေးဝါးများ/relenza

Relenza

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Relenza

 (1) ဆေးအမည်

        Relenza

 

(2) ပါ၀င်သောဆေးအမျိုးအစား

          ရှုဆေးဆေးမှုန့်တွင်Zanamivir 5mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        တုပ်ကွေးရောဂါ (Influenza A and B) ကိုကုသရန်နှင့် ကြိုတင်ကာကွယ်ရန်

 

(4) အသုံးပြုပုံ

        တုပ်ကွေးရောဂါကုသရန်အတွက် လူကြီးတစ်ကြိမ်လျှင် ၂ ခါရှုသွင်းပြီးတနေ့ ၂ ကြိမ် ၅ ရက်ရှုသွင်းရန်။ တုပ်ကွေးရောဂါကာကွယ်ရန်အတွက် တကြိမ်လျှင် ၂ ခါရှုသွင်းပြီးတနေ့ တကြိမ် ၁၀ ရက်ရှုသွင်းရန်။

 

(5) ဘေးထွက်ဆိုးကျိုး

        ဓါတ်မတည့်ခြင်း၊ မျက်နှာဖောရောင်ခြင်း၊ အဖျား၀င်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း၊ အသက်ရှုမ၀ခြင်း၊ ယားယံခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အသက် ၅ နှစ်အောက်ကလေးများနှင့်ကိုယ်၀န်ဆောင်များတွင်အသုံးမပြုရ။ နို့တိုက်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7)ထုတ်လုပ်သည့်ကုမ္ပဏီ

          GlaxoSmithKline

 

(8) တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com