/
news/အသုံးများဆေးဝါးများ/sermion

Sermion

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Sermion

(1) ဆေးအမည်      

          Sermion

 

(2) ပါ၀င်သောဆေးအမျိုးအစား

          ဆေးပြားတစ်ပြားတွင် Nicergoline 10mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

          ဦးနှောက်သွေးကြောကျဉ်းခြင်း၊ ဦးနှောက်တွင်သွေးခဲပိတ်ဆို့ခြင်း၊ ဦးနှောက်ပုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးရောဂါ၊ သွေးကြောများ ကျုံ့ခြင်းကျဉ်းခြင်းကြောင့် ခြေချောင်း လက်ချောင်းများသို့ သွေးမလျှောက်သောရောဂါ (Raynaud’s phenomenon)

 

(4) အသုံးပြုပုံ

          5mg – 10mg တစ်နေ့ 3 ကြိမ် အစားမစားမီ

          အသားထိုးဆေး 2-4mg တစ်နေ့ 2 ကြိမ်

          အကြောထိုးသွင်းဆေးဆေးရည် 4-8mg ကိုဂလူးကို့အရည် 100ml ထဲသို့ရောပြီး အကြောထဲ သို့ ဆေးသွင်းသောပိုက် Dripset ဖြင့်ဖြည်းဖြည်းချင်းသွေးပြန်ကြောအတွင်းသို့ သွင်းရမည်။

(သို့မဟုတ်)

          အကြောသွင်းဆေးရည် (Physiological Saline) 10ml တွင် Sermion 4mg ရော၍ နှစ်မိနစ်ထက်မလျော့သော ကြာချိန်ဖြင့်သွေးလွှတ်ကြောထဲသို့သွင်းနိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

          သွေးပေါင်ကျခြင်း၊ ခေါင်းချာချာလည်မူးခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့အန်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          Sermionသည် သွေးတိုးထိန်းဆေးများ၏ အာနိသင်ကိုပုံမှန်ထက် ပိုကောင်းစေနိုင်ပါသည်။ ထို့ကြောင့် သွေးပေါင်ရုတ်တရက် မကျစေရန်အတွက် ဆေးထိုးပြီးပါက ငြိမ်သက်စွာနေဖို့လိုအပ်ပါသည်။

         ကိုယ်၀န်ဆောင်မိခင်များတွင် ချိန်ဆ၍သုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          မတွေ့ရှိသေးပါ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Pfizer

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Maxxcare

 www.drmyanmar.com