/
news/အသုံးများဆေးဝါးများ/solmuxbroncho

SolmuxBroncho

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Solmux Broncho

(1) ဆေးအမည်

        SolmuxBroncho

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Solmuxbroncho ဆေးရည် 5ml နှင့်ဆေးတောင့်တစ်တောင့်တွင် Salbutamol 2mg နှင့် Carbocisteine 500 mg

          ကလေးသုံး Solmuxbroncho 5ml တွင် Salbutamol 1mg နှင့် Carbocisteine 500 mg ပါ၀င်ပါတယ်။

 

(3) ကုသနိုင်သောရောဂါများ

        အဆုတ်ပြွန်ရောင်ခြင်းကြောင့်ဖြစ်သော ချွဲကြပ်၍ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပြွန်များ ဖောင်းပွရောင်ရမ်းခြင်း၊

 

(4) အသုံးပြုပုံ

Solmux ဆေးတောင့်

        အသက် ၁၂ နှစ်အထက် ကလေးနှင့်လူကြီး - တစ်နေ့ ၃ ကြိမ်။

လူကြီးများအတွက် Solmux ဆေးရည်

        အသက် ၁၂ နှစ်အထက် ကလေးနှင့်လူကြီး - 5ml ၆ နာရီခြား။

ကလေးများအတွက် Solmux ဆေးရည်

         အသက် ၁၂ နှစ်အထက် ကလေးနှင့်လူကြီး - 12.5ml

          အသက် ၈ နှစ်မှ ၁၂ နှစ် - 7.5ml

          အသက် ၄ နှစ်မှ ၇ နှစ် - 5 ml

          အသက် ၁ နှစ်မှ ၃ နှစ် - 2.5 ml

          တစ်နှစ်အောက် - 0.5 ml

SolmuxBroncho ဆေးတောင့်

        လူကြီးတစ်တောင့်မှနှစ်တောင့် တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်

SolmuxBroncho ဆေးရည်

          အသက် ၇ နှစ်မှ ၁၂ နှစ် ဆေးရည်လက်ဖက်ရည်ဇွန်း တစ်၀က်မှ တစ်ဇွန်းတစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်

          အသက် ၂ နှစ်မှ ၆ နှစ်ထိ ဆရာ၀န်ညွှန်ကြားသည့်အတိုင်း။

 

(5) ဘေးထွက်ဆိုးကျိုး

          အင်ပြင်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အော့အန်ခြင်း၊ လက်တုန်ခြင်း၊ ပူပန်ခြင်း၊ ရင်တုန်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အစာအိမ်သွေးယိုဖူးသူများတွင် သတိပြုသုံးစွဲရန်။

        ကိုယ်၀န်ဆောင်များတွင် ချင့်ချိန်၍သုံးစွဲရန်။

        Solmux သောက်ပြီးရင်ပူခြင်း၊ ချောင်းဆိုး၍ဖျားခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းတို့ဖြစ်ပါက ဆရာ၀န်နှင့်ပြသရန်။

 

(7) အခြားသောဆေးများနှင့်ဓာတ်ပြုမှု

          ဆီးဆေးများနှင့်တွဲသုံးပါကပိုတက်ဆီယမ်ဓာတ််လျော့နည်းစေပါသည်။ Betablocker နှင့် တွဲသုံးပါက Solmux ၏အာနိသင်လျော့ကျစေနိုင်ပါသည်။ Amoxillicin နှင့်တွဲသုံးပါက Amoxicillin ၏ စုပ်ယူအားကိုကောင်းမွန်စေပါသည်။­­­­­

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

         United Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          JDS

www.drmyanmar.com