/
news/အသုံးများဆေးဝါးများ/tanakan

Tanakan

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Tanakan

(1) ဆေးအမည်

        Tanakan

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Ginkgo biloba extract 40mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

          ဦးနှောက်သွေးစီးဆင်းမှု မလုံလောက်သောအခြေအနေများ၊ ခေါင်းချာချာလည်မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရသူများ၊ လက်ချောင်းနှင့်ခြေချောင်းများရှိသွေးကြောများ ကျုံ့ခြင်း/ကျဉ်းခြင်းကြောင့် သွေးမလျှောက်သောရောဂါ၊ ခြေထောက် ရှိသွေးကြောများ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်သောရောဂါများ။

 

(4) အသုံးပြုပုံ        

          တစ်နေ့ ဆေးပြား ၃ပြား အစာမစားမီ။

 

(5) ဘေးထွက်ဆိုးကျိုး

          အစာမကြေခြင်း၊ အရေပြားပြဿ    နာများ၊ ခေါင်းကိုက်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သော်လည်း အလွန်ရှားပါးပါသည်။ 

 

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          သွေးပေါင်ချိန်ထိန်းဆေးအဖြစ် အစားထိုးအသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

        မရှိ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Ipsen

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          DKSH

www.drmyanmar.com