Ventolin
(1) ဆေးအမည်
Ventolin
(2) ပါ၀င်သောဆေးအမျိုးအစား
Inhaler ရှူဆေးတစ်ဘူးသည် အကြိမ် 200 ရှူ နိုင်သည်။ တစ်ကြိမ်ရှူ လျှင် salbutamol 100 mcg ပါ၀င်သည်။
ရှုဆေးရှုစက် Nebulizer အတွက် ဆေးရည်တစ်ပုလင်းတွင် ဆေးရည်ပမာဏ 2.5 ml ပါ၀င်ပြီး Salbutamol ဆေးပမာဏ 2.5 mg ပါ၀င်သည်။
(3) အသုံးပြုနိုင်သော ရောဂါများ
အသင့်အတင့်ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါနှင့် အလွန်အမင်းပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါတွင် ကုသရန် အသုံးပြုနိုင်သည်။
မပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါကို ကုသရန်နှင့် ကာကွယ်ရန်အသုံးပြုနိုင်သည်။ နာတာရှည်လေပြွန်ကျဉ်းသည့် အခြေအနေများတွင် အသုံးပြုနိုင်သည်။
(4) အသုံးပြုပုံ
(1) ရုတ်တရက်လေပြွန်ကျဉ်းခြင်း
လူကြီးရှူ ဆေး - 100 mcg သို့မဟုတ် 200 mcg
ကလေး - 100 mcg (လိုအပ်ပါက ဆေးပမာဏကို 200mcg အထိ တိုးပြီး အသုံးပြုနိုင်သည်။ )
(2) ဓာတ်မတည့်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ဖြစ်သော လေပြွန်ကျဉ်းခြင်းကို ကြိုတင်ကာကွယ်ရန်
လူကြီး - 200 mcg
ကလေး - 100 mcg (လိုအပ်ပါက 200mcg အထိ တိုးပြီး အသုံးပြုနိုင်သည်။ )
ရေရှည်သုံးစွဲလိုပါက လူကြီးများတွင် တစ်ကြိမ်လျှင် 200 mcg ဖြင့် တစ်နေ့ 4ကြိမ်ထိ၊ ကလေးများတွင် တစ်ကြိမ်လျှင် 200 mcg ဖြင့် တစ်နေ့ 4 ကြိမ်ထိ တိုး၍ သုံးစွဲနိုင်ပါသည်။
(3) နာတာရှည် လေပြွန်ကျဉ်းခြင်းနှင့် ရုတ်တရက်ထဖြစ်သော အလွန်ပြင်းထန်သည့် ပန်းနာရင်ကြပ်ရောဂါကုသရန်
လူကြီးနှင့်ကလေး - ဆေးရည် 2.5mg မှစ၍ 5 mg ထိတစ်နေ့ 4 ကြိမ်။ လူကြီးများတွင် တစ်နေ့လျှင် 40mg ထိ တိုး၍သုံးနိုင်သည်။
အသက် 18 လအောက်ကလေးများတွင် အောက်စီဂျင်နှင့်တွဲ၍ သုံးရမည်။
(5) ဘေးထွက်ဆိုးကျိုး
သွေးကြောရောင်ရမ်းခြင်း၊ ယားယံခြင်း၊ လည်ပြွန်ကျဉ်းခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်လျော့နည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ လေပြွန်ကျဉ်းခြင်း၊ လည်ချောင်းယားယံခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ရှုသွင်းရသော Ventolin ဆေးကို လမစေ့မီမွေးသော ကလေးများတွင် အသုံးမပြုသင့်ပေ။ Ventolin ဆေးဝါးကို ကိုယ်၀န်ပျက်ကျစေရန်အတွက် အသုံးမပြုသင့်ပေ။
သွိုင်းရွိုက်ဟော်မုန်း အဆိပ်သင့်သောသူများတွင် သတိပြု၍ သုံးစွဲရန်။
ဂေါက်ရောဂါတွင်သုံးသော Xanthine Derivative စတီးရွိုက်ဆေးဝါး၊ ဆီးဆေးများနှင့်တွဲသုံးပါက သွေးထဲရှိ ပိုတက်ဆီယမ်ပမာဏကို လျော့ကျစေပါသည်။
ထောက်ပံ့အာရုံကြောအဖွဲ့ကိို အားကောင်းစေသောဆေး (Sympathomimetic drug) သုံးစွဲနေသူများတွင် Salbutamol ကို သတိပြု၍ သုံးစွဲရန်။
Salbutamol နှင့် Ipratropium Bromide တွဲသုံးပါက ရေတိမ်ဖြစ်နိုင်ပါသည်။
စတီးရွိုက်ဆေးများနှင့် တွဲသုံးပါက ဆီးချိုသွေးချိုေ၀ဒနာရှင်များတွင် သွေးထဲ၌ ketone အက်စစ်ပမာဏ ကို မြင့်တက်စေပါသည်။
ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင်များတွင် ချိန်ဆ၍ သုံးစွဲရန်။
(7) အခြားဆေးများနှင့် ဓာတ်ပြုမှု
သွေးတိုးရောဂါတွင်သုံးသော βblocker ဆေးများနှင့် တွဲမသုံးသင့်ပေ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
GlaxoSmithKline
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical




























