/
news/အသုံးများဆေးဝါးများ/zoloft

Zoloft

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Zoloft

(1) ဆေးအမည်

        Zoloft

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင်  Sertraline HCL 50mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ လူအများနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း၊ တစ်စုံတစ်ခုကို စိတ်စွဲလန်းပြီး မလုပ်ရမနေနိုင်သောရောဂါ (OCD)နှင့် တစ်ခုခုကို အမြဲလိုလိုကြောက်ရွံ့ခြင်း (Panic Disorder)။

 

(4) အသုံးပြုပုံ        

        စိတ်ဓါတ်ကျခြင်းနှင့် Panic Disorder အတွက် တနေ့လျှင် 50mg တနေ့တကြိမ် ရောဂါ အခြေအနေ ပေါ်မူတည်ပြီး ဆေးဝါးပမာဏချိန်ဆရမည်။ ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ရမည်။

          OCD တစ်စုံတစ်ခုကို စိတ်စွဲလန်းပြီး မလုပ်ရမနေနိုင်သောရောဂါေ၀ဒနာရှင်များအတွက် 50 mg တစ်နေ့တစ်ကြိမ်။

          Panic Disorder အတွက် 25 mg တစ်နေ့တစ်ကြိမ် စသောက်ရမည်။ တစ်ပါတ်ကြာသောအခါ 50 mg တစ်နေ့တစ်ကြိမ်သို့ တိုးနိုင်သည်။

          ဆေးပမာဏပြောင်းလဲမှုများကို တစ်ပါတ်တစ်ကြိမ်သာ ပြုလုပ်သင့်သည်။ တစ်နေ့တာ အတွင်း သောက်သုံးသော ဆေးပမာဏသည် 200 mg ထက် မကျော်စေရ။

        အသက် 13 နှစ်မှ 17 နှစ်ကလေး တနေ့လျှင် 50mg။

        အသက် 6 နှစ်မှ 12 နှစ်ကလေး တနေ့လျှင် 25mg။

        လူနာအခြေအနေပေါ်မူတည်ပြီး ဆေးဝါးပဏာမချိန်ဆရမည်။

 

(5) ဘေးထွက်ဆိုးကျိုး

        အာခေါင်ခြောက်ခြင်း၊ ချေွးထွက်များခြင်း၊ ခေါင်မူးခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ပျို့အန်ခြင်း၊  ရင်တုန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ဓါတ်မတည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပန်းကရိယယောင်ခြင်း၊ ကိုလက်စထရောပမာဏတက်ခြင်း၊ ရာသီကမောက်ကမဖြစ်ခြင်း၊ ဖောရောင်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန် မသင့်သူများ

        Sertralineနှင့် ဓါတ်မတည့်သူများ၊ Monoamine oxidase Inhibitor ဆေးဝါးသောက်သုံးနေသူများ အသုံးမပြုရ။

        Tryptophan, fenfluramine (သို့) SHT agonists သောက်သုံးနေသောသူများ၊ အသည်းမကောင်းသောသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

          ကားမောင်းသောသူများ၊ စက်ကိုင် တွယ်မောင်းနှင်သူများတွင် ချိန်ဆ၍အသုံးပြုရန်။

 

(7) အခြားသောဆေးများနှင့်ဓါတ်ပြုမှု

        အရက်နှင့်အတူ တွဲပြီးသောက်သုံးခြင်းမပြုရ။

        Warfarin, Phenytoin, Lithium စသောဆေးများနှင့် တွဲသုံးမည်ဆိုပါက ဆရာ၀န်နှင့်တိုင်ပင်ရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Pfizer

 

(၉) တင်သွင်းသည့်ကုမ္ပဏီ

          Maxxcare

www.drmyanmar.com